အသင်းလူစာရင်းကို ကျေနပ်အားရနေတာပါ။

လာမယ့်ရာသီအတွက် လီဗာပူးလ်အသင်းဟာ အိုလံပီယာကော့စ်ဘယ်နောက်ခံလူကိုစ်တက်စ်တစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ဒီနေ့မှာ လိဒ်နဲ့ ရာသီဖွင့်ပွဲ ကစားရတော့မှာဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် လီဗာပူးလ်က လူသစ်ခေါ်ယူစရာမလိုဘူးလို့ အသင်းဂန္ထဝင်ကစားသမားအီရန်ရက်ရှ်က ပြောဆိုသွားခဲ့ပါတယ်။ လာမယ့်ရာသီအတွက် လီဗာပူးလ်အသင်းဟာ အိုလံပီယာကော့စ်ဘယ်နောက်ခံလူကိုစ်တက်စ်တစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ဒီနေ့မှာ လိဒ်နဲ့ ရာသီဖွင့်ပွဲ ကစားရတော့မှာဖြစ်ပါတယ်။ 



အသင်းလူစာရင်းပိုင်းတောင့်တင်းလွန်းပြီး ကစားသမားသစ်ခေါ်ယူမယ်ဆိုရင်လည်း ပေးစရာနေရာမရှိဘူးလို့ အီရန်ရက်ရှ်က ထပ်ပြောခဲ့ပါတယ်။ ကစားသမားတွေကို ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်လည်း မပေးနိုင်ဘူးလို့ ဆိုခဲ့ပြီး ဒါဟာ လီဗာပူးလ်ရဲ့ တောင့်တင်းခိုင်မာမှုကိုပါ ပြသခဲ့တာဖြစ်တယ်လို့ အီရန်ရက်ရှ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

"ဘယ်သူမဆို ကစားသမားသစ်တွေကို ခေါ်ယူချင်မှာပါ၊ ဒါပေမယ့် လီဗာပူးလ်မှာရှိနေတဲ့ ပြသနာက သူတို့က တစ်ယောက်ယောက်ကို ခေါ်ယူခဲ့မယ်ဆိုရင်တောင်မှ အသင်းမှာနေရာပေးဖို့ အာမခံချက်မရှိတာပါ၊ သူတို့က ပေါင်သန်း ၈၀ တန်ကစားသမားကိုခေါ်ယူနိုင်ပါတယ်၊ ဒါပေမယ့် သူတို့လာမယ်ဆိုရင်လည်း အသင်းကြီးမှာပေးစရာနေရာကမရှိပါဘူး"

"ဒါက လီဗာပူးလ်လူစာရင်း ဘယ်လောက်တောင့်တင်းသလဲဆိုတာပါပဲ၊ တစ်ခုတည်းသော ပြောင်းလဲနိုင်ခြင်းက အသင်းကစားသမားတချို့ ဒဏ်ရာရသွားရင်တော့ ကစားသမားသစ်တွေကို နေရာပေးနိုင်မယ်ဆိုတာပါပဲ၊ ကလော့ပ်က သူ့လူစာရင်းအတွက်တော့ ပျော်ရွှင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်၊ အားလုံးက ကစားသမားသစ်တွေ ဘာလို့ခေါ်လဲဆိုရင် လီဗာပူးလ်ကို လိုက်မီဖို့ လိုအပ်နေလို့ပါ၊ ဒါက လီဗာပူးလ်က အခုချိန်မှာ အကောင်းဆုံးအဆင့်အတန်းဖြစ်နေလို့ပါပဲ" လို့ အီရန်ရက်ရှ်က ပြောဆိုသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က