ပွဲတိုင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Kg Htet

မန်ချက်စတာစီးတီးအသင်းရဲ့အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာ အမှားအယွင်းမခံဘဲ အနိုင်ယူမှာဖြစ်တာကြောင့် မိမိတို့အနေနဲ့ ပုံမှန်ခြေစွမ်းအတိုင်း ထိန်းသိမ်းထားဖို့လိုတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန် ၈ ပွဲကျန်ရှိနေချိန်မှာ လီဗာပူးအသင်းကို ၁ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ယခုရာသီ ပွဲ ၃၀ မှာ ၂၄ ပွဲအနိုင်ရရှိထားပြီး လီဗာပူးအသင်းကတော့ ၂၂ ပွဲအနိုင်ရရှိထားတာဖြစ်ပါတယ်။



ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ၂ နှစ်ဆက်တိုက် ရယူဖို့ ရည်ရွယ်ထားတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် ကွန်ပနီက လီဗာပူးအသင်းဟာ လက်ကျန်ပွဲစဉ်အားလုံးမှာ အမှားအယွင်းကင်းလိမ့်မယ်လို့ ခံစားနေရကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီရာသီရဲ့ အခုလိုအဆင့်မျိုးမှာ ဒီထက်ပိုပြီးကျွန်တော်တို့ တောင်းဆိုလို့ မရနိုင်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံး လီဗာပူးအသင်းက ရာသီကုန်တဲ့အထိ ပွဲစဉ်တိုင်းကို အနိုင်ကစားသွားလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာရှိနေတဲ့ အလုပ်တာဝန်တွေက ဘယ်လောက်အထိ ကြီးလဲဆိုတာ သိပါတယ်။ ပွဲကြီးတွေက လာဦးမှာဖြစ်ပြီး ဘယ်အသင်းနဲ့မဆို ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာပါ။ ကျွန်တော်တို့ အားလုံး စိတ်လျှော့ထားပြီး အေးဆေးဖြစ်နေပါတယ်။ ကျွန်တော်တို့ အလွန်အမင်းစိတ်လှုပ်ရှားမှာ မဟုတ်ပါဘူး”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က