မန်စီးတီးအနေနဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် လီဗာပူးအနေနဲ့ ဝုလ်ကို ၂-၀ နဲ့ နိုင်ခဲ့ပေမဲ့ ချန်ပီယံဆုကို မန်စီးတီးကသာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင် ကွန်ပနီက ဒုတိနေရာကနေ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတဲ့ လီဗာပူး အသင်းအနေနဲ့ ချန်ပီယံဆုနဲ့လွဲချော်ဖို့ မထိုက်တန်ခဲ့ဘူးလို့ သုံးသပ်ပြောခဲ့ကြောင်း Sportskeeda က ဖော်ပြပါတယ်။ မန်စီးတီးအသင်းက စုစုပေါင်း ရမှတ် ၉၈မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပြီး လီဗာပူးက ၉၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ကွန်ပနီကတော့ ၂၀၁၁-၁၂ နဲ့ ၂-၁၃-၁၄ ဘောလုံးရာသီတွေမှာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့ပြီး အခုတစ်ကြိမ်ကတော့ အသင်းသမိုင်းတစ်လျှောက် နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
“ အခုအကြိမ်ကတော့ အရမ်းခက်ခဲပြီး အရမ်း ကျေနပ်စရာ ရလဒ်ပါပဲ၊ လီဗာပူးက ဒီနှစ်မှာ အရမ်းမျှော်လင့်ထားတာ၊ ဒါကို ကျွန်တော် သေချာ မပြောတတ်ပေမယ့် သေချာတာကတော့ ဒီနေ့ ဒီအချိန်မှာ သူတို့ ဒီအရှုံးနဲ့ မထိုက်တန်ဘူးလို့ပဲ ပြောချင်ပါတယ်။” လို့ ကွန်ပနီက Sky Sportကို ပြောခဲ့တာပါ။ မန်စီးတီးအနေနဲ့ ယခုလို ရာသီပိတ်နောက်ဆုံးပွဲမှာ အနိုင်ရတဲ့ပွဲအပါအဝင် နောက်ဆုံး ၁၄ ပွဲဆက်တိုက်ကို လိဂ်နိုင်ပွဲ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပြီး အသင်းသမိုင်းမှာ ပထမဆုံး နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။