ကြာသာပတေးနေ့မှာ ကစားသွားမှာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်နောက်ခံလူ ဗင်းဆင့်ကွန်ပနီက လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ မန်စီးတီးအသင်းဖော်တွေကို တိုက်ပွဲဝင်သွားဖို့ လှုံ့ဆော်စကား ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ (၇)မှတ်ဖြတ် ဦးဆောင်နေတဲ့



လီဗာပူးလ်ကို အနိုင်ကစားနိုင်မှလည်း မန်စီးတီးဟာ ဆုဖလားမျှော်လင့်ချက်ကို ပိုမိုအသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအနေနဲ့ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် (၁၀)မှတ်အထိ ကွာဟသွားမှာဖြစ်ပြီး အနိုင်မှသာ (၄)မှတ်အကွာ အနေအထားနဲ့ ဖိအားပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကွန်ပနီက အသင်းဖော်တွေကို အားပေးစကားပြောကြားခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ ပွဲမှာ ကစားခဲ့တဲ့ ပုံစံအတိုင်းကစားဖို့ တိုက်တွန်းခဲ့ပါတယ်။

"လက်ရှိအချိန်မှာ ရမှတ်ရရှိဖို့အတွက်ပဲ အာရုံမစိုက်သင့်ပါဘူး၊ ကျွန်တော်တို့က အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာကို ပြသရမှာပါ၊ ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ ပုံစံအမှန်ကို ပြသနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ပွဲတိုင်းမှာ ကျွန်တေ်ာတို့ ဒီလိုပုံစံနဲ့ ကစားသွားရမှာဖြစ်ပြီး ဒါကလည်း ကျွန်တော်တို့အပေါ်မှာ မူတည်နေပါတယ်"

"လီဗာပူးလ်နဲ့ပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်၊ နှစ်ပွဲဆက်အရေးနိမ့်ခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်၊ နောက်ဆုံး (၃)ပွဲမှာ ကျွန်တော်တို့ ဦးဆောင်ဂိုးတွေ သွင်းယူပြီးတော့ အစကောင်းခဲ့တာပါ၊ အဲဒီနောက်မှာ

ကျွန်တော်တို့ လွဲချော်မှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းကတော့ ကောင်းမွန်နေဆဲဖြစ်ပါတယ်"

"ဒီပွဲက သေရေးရှင်ရေးအတိုင်းပါပဲ၊ ကြာသာပတေးနေ့မှာ ပရိသတ်တွေကလည်း ကွင်းထဲကို အားပေးဖို့ ရောက်လာကြမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း ဒီပွဲအတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ ပရိသတ်တွေအတွက် အကောင်းဆုံးပြန်ပေးဆပ်ဖို့လည်း ကျွန်တော်တို့ ပြင်ဆင်ပြီးပါပြီ၊ ဒီပွဲကို အနိုင်ရဖို့အတွက် ကျွန်တေ်ာတို့မှာ ရှိသမျှစွမ်းဆောင်ရည်အားလုံးကို အသုံးချသွားမှာပါ" လို့ ကွန်ပနီက ပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က