မနက်ဖြန် သြဂုတ် ၂၄ မှာ လီဗာပူးနဲ့အာဆင်နယ်အသင်းတို့ ကစားရပါမယ်။

ဇာခါကတော့ ဘယ်ဖက်ခြေထောက်ဒဏ်ရာရထားပြီး အိုလ်ဇေးကတော့ အဖျားဝေဒနာ ခံစားနေခဲ့ရတာဖြစ်ပေမယ့် မနေ့ကတော့ အသင်းနဲ့အတူ စတင်ပူးပေါင်းလေ့ကျင့်နေတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ အိုလ်ဇေးနဲ့ဇာခါတို့ နှစ်ဦးအနေနဲ့ မနက် ဖြန်(သြဂုတ် ၂၄)မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ပွဲစဉ်မတိုင်မီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာမယ်ဆိုရင် ပွဲမှာ ထည့်သွင်းအသုံးပြု၊မပြုဆိုတာ ဆုံးဖြတ်သွားပေးမယ်လို့ သတင်းထုတ်ပြန်လာတဲ့အကြောင်း Metro.com သတင်းဌာနကဖော်ပြလာပါတယ်။



နည်းပြ အူနိုင်း အမ်မရီအနေနဲ့ အန်ဖီးလ်ကို လာချိန်မှာ အိုလ်ဇေးနဲ့ဇာခါတို့ နှစ်ဦးကတော့ ကြံ့ခိုင်မှု ပြဿနာ အနည်းငယ် စိတ်ရှုပ်ထွေးစရာ ဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်လူ ဇာခါကတော့ ဘယ်ဖက်ခြေထောက် ဒဏ်ရာရထားတာ ဖြစ်ပြီး အိုလ်ဇေးကတော့ အဖျားဝေဒနာ ခံစားနေခဲ့ရတာလို့ိသိရပါတယ်။

သူတို့ နှစ်ဦးသာ ပါဝင်လာနိုင်မလားဆိုတဲ့ အမေးအပေါ်မှာတော့ - “ မနက်ဖြန်မှာ အဖြေပေးပါ့မယ်၊ ဒီနေ့ အသင်းနဲ့အတူ လေ့ကျင့်နေပါပြီ၊ဒါပေမယ့် မနက်ဖြန်မှ အဖြေပေးနိုင်ပါမယ်။” လို့ အမ်မရီက ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုလ်ဇေးအနေနဲ့ ယခုထက် ပိုမိုကြံ့ခိုင်မှု ပြည့်ဝဖို့လိုနေသေးကြောင်းနဲ့ အသင်းဖော်တွေနဲ့အတူ ပထမဆုံး လေ့ကျင့်ခန်းအပြီး ဆုံးဖြတ်ပေးလို့ မရသေးဘူးလို့လည်း အမ်မရီက ဆက်လက်ဖြည့်စွက်ပြောခဲ့ပါ တယ်။

အန်ဖီးလ်ကတော့ အာဆင်နယ်အတွက် မနှစ်က အိပ်မက်ဆိုးတွေ ရှိနေခဲ့ပြီး ၅-၁ ဂိုးရလဒ်နဲ့ ဂိုးပြတ်အရေးနိမ့် ထားခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က