ဒူဘိုင်းမှာကတည်းက နာမကျန်းဖြစ်နေခဲ့တာပါ။

လီဗာပူးအသင်းရဲ့ဗဟိုခံစစ်ကစားသမား ဗာဂျေးဗန်ဒိုက်ဟာ နာမကျန်းဖြစ်မှုကနေ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာကို အသင်းဆေးအဖွဲ့က စိုးရိမ်နေပါတယ်။

ဗာဂျေးဗန်ဒိုက်ဟာ ယခုရာသီမှာ လီဗာပူးအသင်းအတွက် ပွဲတိုင်းနီးပါးပွဲထွက်ပါဝင်ကစားပေးနေတဲ့ အဓိကကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီက ဟက်ဒါစ်ဖီးလ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်ကတည်းက လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တစ်ပွဲမှမလွဲချော်ခဲ့သူဖြစ်ပါတယ်။



Liverpool Echo ရဲ့သတင်းအရ ပြီးခဲ့တဲ့အပတ်က ဒူဘိုင်းရဲ့ပူနွေးတဲ့ရာသီဥတုမှာ လေ့ကျင့်ရေးပြုလုပ်နေစဉ်အတောအတွင်းမှာ ဖျားနာခဲ့ပြီးနောက် လက်ရှိအချိန်အထိ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြန်လည်ပြုလုပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

လီဗာပူးအသင်း နည်းပြယာဂင်ကလော့ပ်က အသင်းမှာ ဒဏ်ရာရ ကစားသမားများပြားနေတဲ့အတွက် မပျော်မရွှင်ဖြစ်နေပေမယ့် အရမ်းစိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ကစားသမားတော်တော်များများကတော့ နာမကျန်းဖြစ်နေပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့်ပါ။ အသေးအဖွဲလောက်ပါပဲ။ ဟင့်အင်း၊ အဲဒီကိစ္စက ကျွန်တော်တို့ အရမ်းကြီးစိုးရိမ်ပူပန်မယ့်ကိစ္စမဟုတ်ပါဘူး”လို့ Liverpool Echo ကို ပြောကြားခဲ့ပါတယ်။

ဗန်ဒိုုက်ဟာ ယမန်နေ့ညက မဲလ်ဝုုဒ်မှာ ပြုလုပ်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို နောက်ထပ်တကြိမ် ထပ်မံပျက်ကွက်ခဲ့ပါတယ်။ ဗန်ဒိုက်အနေနဲ့ ယနေ့မှာ ပြုလုပ်မယ့် လေ့ကျင့်ရေးနောက်ဆုံးအစီအစဉ်မှာမှ ပါဝင်မလာခဲ့ဘူးဆိုရင် ပွဲထွက်ကစားဖွယ် မရှိနိုင်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က