ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းလောက်နဲ့ လီဗာပူးအသင်းက ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

လီဗာပူးအသင်းဟာ လိုက်ပ်ဇစ်အသင်းက နောက်ဆုံးကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို တီမိုဝါနာ ငြင်းပယ်ခဲ့မယ်ဆိုရင် လျှော့ဈေးနဲ့ ခေါ်ယူနိုင်မှာဖြစ်တဲ့အတွက် ခေါ်ယူဖို့ အသင့်ဖြစ်နေပြီလို့ Bild က ဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ တိုက်စစ်မှူး တီမိုဝါနာဟာ ဘွန်ဒက်စ်လီဂါရဲ့ ပါရမီအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယခုရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ၁၁ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။



၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တီမိုဝါနာဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့တာကြောင့် လိုက်ပ်ဇစ်အသင်းအနေနဲ့ တီမိုဝါနာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်နေပြီဖြစ်ပါတယ်။

Bild ရဲ့ရေးသားချက်အရ တီမိုဝါနာဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စကို ရပ်ဆိုင်းထားပြီး ၎င်းရဲ့ကစားသမားဘဝအတွက် နောက်ထပ်တစ်ဆင့်မြင့်တဲ့နေရာကို သွားရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေကြောင်း သိရပါတယ်။

လီဗာပူးအသင်းဟာ တီမိုဝါနာကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာကြာပြီဖြစ်ပြီး တီမိုဝါနာဟာ လိုက်ပ်ဇစ်အသင်းရဲ့စာချုပ်သစ်ကို ငြင်းပယ်လိုက်ပြီဆိုတာနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းလောက်နဲ့ လီဗာပူးအသင်းက ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က