ချယ်လ်ဆီးအသင်းဟာ ရမ်ဆေးကို ပြောင်းရွှေ့ကြေးပေါင် ၃၅သန်းနဲ့ ကနဦးကမ်းလှမ်းဖို့စီစဉ်နေတာဖြစ်ပါတယ်။

အာဆယ်နယ်အသင်းက ဝေးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကို ချယ်လ်ဆီးအသင်းက ပစ်မှတ်ထားစောင့်ကြည့်နေပါပြီ။ ရမ်ဆေးရဲ့လက်ရှိအနေအထားကလည်း အာဆင်နယ်နဲ့စာချုပ်သက်တမ်းမတိုးရသေးလို့ စောင့်ကြည့်ရမယ့်အခြေအနေပါ။



NINTCHDBPICT0004230295971.jpg

Photo: The Sun

 

ချယ်လ်ဆီးအသင်းကတော့ ကွင်းလယ်ကစားသမားအင်အားဖြည့်တင်းမှုတွေကိုမရပ်တန့်သေးပဲ ဆက်တိုက်ဆိုသလို ဈေးကွက်အတွင်းမှာ လှုပ်ရှားနေပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကိုစောင့်ကြည့်ပြီး ကမ်းလှမ်းမှုလုပ်ဖို့ပြင်ဆင်နေပါတယ်။

Photo: The Sun

 

ချယ်လ်ဆီးအသင်းဟာ ရမ်ဆေးကို ပြောင်းရွှေ့ကြေးပေါင် ၃၅သန်းနဲ့ ကနဦးကမ်းလှမ်းဖို့စီစဉ်နေတာဖြစ်ပြီး အာဆင်နယ်နဲ့ရမ်ဆေးရဲ့စာချုပ်သစ်အပေါ်မူတည်ပြီး အပြောင်းအလဲလုပ်ဖို့ရှိနေပါတယ်။ လက်ရှိအချိန်မှာ ရမ်ဆေးဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ်အတွက် ဆွေးနွေးဖို့ကို ကစားသမားဘက်က ရွှေ့ဆိုင်းထားပါတယ်။

ပရီးမီးယားလိဂ်ကို ကိုင်လှုပ်မယ့် ဘရာဇီးမျက်နှာသစ်များ 

Photo: The Sun

 

ရမ်ဆေးကို စာချုပ်သစ်ကမ်းလှမ်းမှုအဆင်မပြေခဲ့ဖူးဆိုရင် အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွှတ်ရဖို့ရှိနေပါတယ်။ အာဆင်နယ်နည်းပြသစ် အမ်မရီကတော့ ရမ်ဆေးကို အသင်းမှာဆက်ရှိဖို့ ဆန္ဒရှိနေပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ အသင်းခေါင်းဆောင်လက်ပတ်ပေးထားပါတယ်။

Photo: The Sun

 

ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ဆယ်နှစ်ကြာကစားခဲ့သူဖြစ်ပြီး အသင်းသံယောဇဉ်အရ ထွက်ခွာဖို့ ရာခိုင်နှုန်းနည်းပေမယ့် အာဆင်နယ်ရဲ့စာချုပ်သစ်ကမ်းလှမ်းမှုအခြေအနေအပေါ်မှာမူတည်နေပါတယ်။ ရမ်ဆေးကတော့ “ကျွန်တော်အသင်းကမထွက်ပါဘူး။ စာချုပ်သစ်အတွက် ကျွန်တော့်အေးဂျင့်နဲ့ အသင်းတာဝန်ရှိသူတွေ ဆွေးနွေးနေပါတယ်။ အဆင်ပြေဖို့လည်း မျှော်လင့်ထားပါတယ်။” လို့ ပြောပါတယ်။ ရမ်ဆေးနဲ့အာဆင်နယ်အသင်းရဲ့အခြေအနေကို လီဗာပူးအသင်းကလည်းစောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က