အေးဂျင့်နဲ့ ဆွေးနွေးနေပြီလို့ ဝန်ခံခဲ့တာပါ။
Pyae Phyo Thein

ကိုလံဘီယာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျူအန်ကွင်တဲရိုးက သူ့ကို ခေါ်ယူဖို့အတွက် မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားနေတယ်လို့ အတည်ပြုပြောကြားလိုက်ပြီး ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။ ကွင်တဲရိုးဟာ လက်ရှိမှာ ပေါ်တိုအသင်းကနေ ရေးဗားပလိတ်ကို အငှားနဲ့ သွားရောက်ကစားနေပြီး ကိုပါလီဘာတေးဒိုးစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။



90 min ရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ နဲ့ မန်စီးတီးတို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အပြောင်းအရွှေ့အတွက် ပြောဆိုညှိနှိုှုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဝန်ခံသွားခဲ့ပြီး ကွင်တဲရိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်ကို မန်စီးတီးက နောက်ကောက်ချနိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

"ကျွန်တော့်ရဲ့ အေးဂျင့်က မန်စီးတီးအသင်းနဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ မန်စီးတီးက ကျွန်တော့်ကို စိတ်ဝင်စားတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်၊ ကျွန်တော်သာ ဥရောပမှာ ပြန်ပြီးတော့ ကစားခဲ့မယ်ဆိုရင် အားလုံးအတွက် အကျိုးအမြတ်ရှိလာမှာပါ၊ စီးပွားရေးအကျိုးအမြတ်တစ်ခုတည်း မဟုတ်ပါဘူး" လို့ ကွင်တဲရိုးက Daily Mirror ကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီကွင်းလယ်တိုက်စစ်ကစားသမားကို တရုတ်စူပါလိဂ်ကလပ်တွေကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ တရုတ်ကို ပြောင်းရွှေ့ဖို့ထက် ဥရောပဘောလုံးလောကမှာသာ ကျင်လည်ချင်နေတာ ဖြစ်ပါတယ်။ "ရေးဗားပလိတ်ပရိသတ်တွေက ကျွန်တော့်ကို အသင်းမှာ ဆက်ရှိစေချင်နေပါတယ်၊ တရုတ်ကို သွားကစားရင် ငွေကြေးအများအပြား ရမှာဖြစ်ပေမယ့်လည်း ကျွန်တော့်စိတ်ထဲက အဲဒီကို မသွားချင်ပါဘူး" လို့ ကွင်တဲရိုးက ထပ်ပြောပါတယ်။

အင်္ဂလန်ဘောလုံးပရိသတ်တွေနဲ့ ကွင်တဲရိုးကတော့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်း ရှုံးထွက်အဆင့်မှာ အင်္ဂလန် နဲ့ ကိုလံဘီယာအသင်းတို့ တွေ့ဆုံခဲ့ကြပြီး အင်္ဂလန်က ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပွဲမှာ ကွင်တဲရိုး ပါဝင်ကစား ခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က