ကိုဗစ်တွေ့ရှိထားတဲ့ ဂန်ဒိုဂန်အပါအဝင် အဓိက ကစားသမားအများစု ဒဏ်ရာရနေကြတာပါ။

စီနီယာအသင်း ကစားသမား ၁၃ဦးသာ ကြံ့ခိုင်မှုရှိချိန် အကယ်ဒမီ ကစားသမားတွေကိုပွဲထုတ်အသုံးပြုခဲ့ရာမှာ ဘုန်းမောက်ကို ကာရာဘောင်ဖလား တတိယအဆင့်ပွဲမှာ ၂-၁နဲ့ အနိုင်ရခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ လက်ရှိအချိန် ကြံ့ခိုင်မှု အပြည့်ရှိနေသူဆိုလို့ ၁၃ဦးသာ ရှိတဲ့အတွက် ဒီအချိန်ဟာ အကယ်ဒမီ ကစားသမားတွေကို နေရာပေးဖို့ အကောင်းဆုံးအချိန်ပဲလို့ နည်းပြ ဂွါဒီယိုလာက ဆိုလာပါတယ်။



ဘုန်းမော်ကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပြီး အဆိုပါပွဲမှာလည်း အကယ် ဒမီ ကစားသမားတွေကိုသာ အဓိက အားထား ကစားခဲ့ရတာပါ။

အဓိက ကစားသမားအချို့ကို အရန်ခုံပို့ထားရသလို ကစားသမားအချို့ကလည်း အနားယူဖို့ လိုအပ်နေချိန်မှာ မန် စီးတီးအနေနဲ့ ပွဲထွက်စာရင်းမှာ ဘာနာဘီ၊ဒိုလီ၊ဟားဝုဒ်၊ဒီလပ်တို့လို အကယ်ဒမီ ကစားသမားတွေကို ထည့်သွင်း လာခဲ့ရပါတယ်။

အကယ်ဒမီ ကစားသမားတွေကို ယခုတစ်ပတ်တည်းအတွက်သာမဟုတ်ပဲ တစ်ပတ်ထက်ပိုပြီး အသုံးပြုရဖို့ရှိနေ တယ်လို့လည်း နည်းပြ ဂွါဒီယိုလာက ပြောထားပါသေးတယ်။

“ဘုန်းမောက်နဲ့ပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော့် ကလေးတွေအကုန်လုံး အဆင့်မြင့်မြင့် ကစားပြနိုင်ခဲ့ပါတယ်။၁၇နှစ်အရွယ် တိုက်စစ်မှူးလေး လီအန်ဆိုရင် တမူထူးခြားတဲ့ သူပါ။သူ့အရည်အချင်းနဲ့ ပတ်သက်ပြီး ကျေနပ်မိပါတယ်။အခုချိန်မှာ ကျွန်တော်တို့ အကယ်ဒမီကစားသမားတွေ လိုနေပါတယ်။အသင်းမှာ အဓိက ကစားသမား ၁၃ဦးပဲ ကြံ့ခိုင်မှု ပြည့်ပါတယ်။”လို့ ဂွါဒီယိုလာက ဘုန်းမောက်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲ မှာပြောခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒဏ်ရာရကစားသမားတွေ များနေသလို ကွင်းလယ်လူ ဂန်ဒိုဂန်မှာလည်း ကိုဗစ် ရောဂါပိုး တွေ့ရှိထားလို့ သီးသန့် နေထိုင်နေရတာကြောင့် အခုချိန်မှာ ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားနိုင်သူ ၁၃ဦးသာ ရှိနေချိန် အသင်းက အကယ်ဒမီ ကစားသမားတွေ ထောက်ပံ့ပေးလို့လည်း ကျေးဇူးတင်ကြောင်း ဂွါဒီယို လာက ဆိုပါသေးတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် လက်စတာအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က