လီဗာပူးက အာဆင်နယ်ကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက လီဗာပူးကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်ခြင်း အရမ်းမဖြစ်ပဲ ဒါဟာ အသင်းအနေနဲ့ အဆင့်တစ်ခုလိုသေးကြောင်း ပြသလိုက်သလိုပဲလို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါ တယ်။

အာဆင်နယ်အသင်းအနေနဲ့ လာကာဇက်တီရဲ့ဦးဆောင်ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် လီဗာပူးက မာနေး၊ရော် ဘင်ဆင်နဲ့ ဒီယေဂို ဂျိုတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အာဆင်နယ်အသင်းကို ၃-၁နဲ့ အနိုင်ယူခဲ့တာပါ။



“ကျွန်တော်တို့က တကယ့် ပွဲကြီးပွဲကောင်းထဲမှာ ရောက်ခဲ့တာပါ၊လီဗာပူးအသင်းက ကျွန်တော်တို့ထက် သာလွန်ခဲ့ တယ်ဆိုတာ သိမြင်နိုင်ပါတယ်။ဒါပေမယ့် ကျွန်တော့်အသင်းအနေနဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်တဲ့အတွက် ပျော်ရပါတယ်။ကျွန်တော်တို့က မတူညီတဲ့ ခရီးတစ်ခုမှာရှိနေပါတယ်၊သူတို့က ၅နှစ်လောက် အတူရှိနေတဲ့သူတွေ ပါ၊ကျွန်တော်တို့က ပူးပေါင်းတာ လအနည်းငယ်ပဲ ရှိပါသေးတယ်။”လို့ အာတီတာက ဆိုခဲ့ပါတယ်။

အာတီတာက အသင်းအနေနဲ့ ဦးဆောင်ဂိုးရပြီးချိန် ဂိုးပြန်ပေးလိုက်ရပေမယ့် ဒုတိယပိုင်းမှာ အခွင့်အရေးတွေ ဖန်တီး နိုင်အုံးမယ်လို့ ယုံကြည်ခဲ့တဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။

အာတီတာရဲ့ ပြောဆိုမှုအပေါ် - “ကျွန်တော်တို့ သရေကျဖို့အပြင် နိုင်ဖို့ အထိ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ အမှန်တော့ လီဗာပူးနဲ့ အဝေးကွင်း လာကစားချိန်မှာ အခွင့်အရေးရဖို့ထက် အမှားတွေ မလုပ်မိဖို့က ပိုဂရုစိုက်ဖို့ လို ပါမယ်။နှစ်သင်းကြားကွာခြားမှုက ရှင်းပါတယ်။”လို့လည်း ဘယ်လာရင်က ဆက်လက် ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က