ဒီနေ့မှာ မာဆေးဆိုက်ဒါဘီပွဲကို ကစားသွားမှာပါ။

ကစားခဲ့ပြီးတိုင်း ပွဲတိုင်းကိုလည်း အနိုင်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကာ အဲဗာတန်က ဖျက်မြင်းအဆင့်ထက်ပိုတဲ့ အသင်းဖြစ်လာပြီလို့ သက်သေပြနိုင်ခဲ့ပါတယ်။


အဲဗာတန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ဒန်ကန်ဖာဂူဆန်က ဒီနေ့ကစားရမယ့် မာဆေးဆိုက်ဒါဘီပွဲမှာ လီဗာပူးလ်ကို အနိုင်ယူပြခဲ့မယ်ဆိုရင် သူတို့အသင်းက ဘာလဲဆိုတာ အားလုံးကို ကြေညာပြီးသားဖြစ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲဗာတန်ကတော့ နည်းပြအန်ဆယ်လော့တီလက်အောက်မှာ ခြေစွမ်းပြနေပြီး ဒန်ကန်ဖာဂူဆန်က အသင်းဟောင်းကို ကူညီပေးနေကာ ကစားသမားသစ်တွေနဲ့အတူ အကောင်းဆုံးပုံစံရရှိနေတာဖြစ်ပါတယ်။



ကစားခဲ့ပြီးတိုင်း ပွဲတိုင်းကိုလည်း အနိုင်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကာ အဲဗာတန်က ဖျက်မြင်းအဆင့်ထက်ပိုတဲ့ အသင်းဖြစ်လာပြီလို့ သက်သေပြနိုင်ခဲ့ပါတယ်။ မဟာပြိုင်ဘက်လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ ဒန်ကန်ဖာဂူဆန်က ယုံကြည်ချက်အပြည့်နဲ့ ပြောဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်၊ လီဗာပူးလ်တို့နဲ့ အပတ်တိုင်းကစားနိုင်တဲ့ အသင်းဖြစ်လာဖို့ ရည်ရွယ်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

"ယူနိုက်တက်၊ လီဗာပူးလ်တိုနဲ့ အပတ်တိုင်းယှဉ်ကစားနိုုင်တဲ့အသင်းဖြစ်လာဖို့ ကျွန်တော်ဆန္ဒရှိပါတယ်၊ ကျွန်တော်တို့ ရာသီအစောပိုင်းကို အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် နေရာစုံမှာ သိသိသာသာတိုးတက်လာတာမျိုးတော့ မဟုတ်ပါဘူး၊ တကယ်လို့ ကျွန်တော်တို့ လီဗာပူးလ်ကို အနိုင်ရခဲ့မယ်ဆိုရင်.. ကျွန်တော်တို့လုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်၊ အရှိန်ကောင်းကောင်းရနေမှုကို ဆက်ထိန်းထားဖို့ လိုပါတယ်"

"အနိုင်ရခဲ့မယ်ဆိုရင်တော့ လူတွေကို ကျွန်တော်တို့ နည်းနည်းတော့ သတိပေးသလိုဖြစ်သွားမှာပါပဲ၊ အခုအခိုက်အတန့်က စတင်မှုသက်သက်ပဲရှိပါသေးတယ်၊ ဒါပေမယ့်လည်း ဒါက အဲဗာတန်ရဲ့တောက်ပတဲ့အနာဂတ်ဖြစ်တယ်လို့ အရိပ်အမြွက်ပြနေတာပါ၊ လက်ရှိအနေအထားက ကောင်းနေပြီလားဆိုရင်တော့ မဟုတ်သေးပါဘူး၊ ဒါက ဘောလုံးတခုတည်းမဟုတ်ပါဘူး၊ ဘဝလည်းဖြစ်ပါတယ်"

"ဒါကို လိုချင်တယ်ဆိုရင်တော့ လက်ရှိပုံစံကို ထိန်းသိမ်းထားရမှာပါ၊ ရှေ့ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဒန်ကန်ဖာဂူဆန်က ပြောခဲ့ပါတယ်။ အဲဗာတန် နဲ့ လီဗာပူးလ်တို့ရဲ့ ဒါဘီပွဲကိုတော့ ဒီနေ့ညနေ ၆ နာရီမှာ ကစားသွားမှာဖြစ်ပြီး လီဗာပူးလ်အတွက်တော့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အကောင်းဆုံးအဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က