လက်ရှိမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

အဲဗာတန်ဟာ လီဗာပူးနဲ့ တွေ့ဆုံထားတဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဥ်တွေမှာ ၂၀၁၀ နောက်ပိုင်း အနိုင်မရထားတာ ၁၀ နှစ်ရှိပါပြီ။

နည်းပြ အန်ဆယ်လော့တီရဲ့ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးရဲ့ ပြိုင်ဖက်ကောင်း ဖြစ်လာပြီ လို့ လီဗာပူးနည်းပြ ကလော့ပ်က သုံးသပ်ပြောလာပါတယ်။



လက်ရှိမှာလည်း အဲ‌ဗာတန်အသင်းက ၄ပွဲကစား ၄ပွဲနိုင်ပြီး ရမှတ် ၁၂မှတ်ရရှိကာ အမှတ်ပေးဇယားကို ဦးဆောင် နေပါတယ်။

အဲဗာတန်နှင့်လီဗာပူးတို့ရဲ့ မာဆေးဆိုဒ် ဒါဘီကိုတော့ ယနေ့(စနေ)ည မြန်မာစံတော်ချိန် ည ၆နာရီမှာ ယှဥ်ပြိုင် ကစားသွားမှာပါ။

“အန်ဆယ်လော့တီနဲ့ ပတ်သက်ပြီး ကျွန်တော်တွေးမိတာ သူက လျှို့ဝှက်ချက်မရှိဘူးဗျ၊သူ့ကို မလေးစားပဲ မနေနိုင် ပါဘူး။သူ အဲဗာတန်နဲ့ စာချုပ်တော့မယ်လို့ ကြားသိရချိန်မှာ ကျွန်တော်တွေးမိတာက နောက်ထပ် ချန်ပီယံ စိန်ခေါ် မယ့်သူ လာပြီပဲလို့”ဟု ကလော့ပ်က ပြောလာပါတယ်။

အန်ဆယ်လော့တီကလည်း အဲဗာတန်ကိုရောက်တာနဲ့ ဂျိမ်းရိုဒရီဂွက်၊အယ်လန်၊ဒိုကူရီတို့ကို ခေါ်ယူနိုင်ခဲ့ပြီး အားလုံးကလည်းအသင်းနဲ့ အံဝင်ခွင်ကျ အမြန်ဆုံး ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ယခုနှစ်ရာသီကစားထားတဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာလည်း အသင်းက ၂၄ဂိုး ရခဲ့ပြီး အသင်းရဲ့ ၂၃နှစ်အရွယ် တိုက် စစ်မှူး ဒေါမနစ်က ၉ဂိုးထိ သွင်းယူထားနိုင်ပါတယ်။

“လီဝင်ကတော့ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာ တိုးတက်ပြီး ကြောက်စရာကောင်းမယ့် တိုက် စစ်မှူးတစ်ဦးဖြစ်လာမှာပါ။”လို့လည်း ကလော့ပ်က ချီးကျူးခဲ့ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုတွေအရ အဲဗာတန်အသင်းဟာ လီဗာပူးနဲ့ ရင်ဆိုင်ထားတဲ့ မာဆေးဆိုဒ်ဒါဘီမှာ ၂၀၁၀ အောက် တိုဘာ ၁၇က တွေ့ဆုံခဲ့တဲ့ ပွဲမှာ ၂-၀နဲ့ နိုင်ပြီးနောက်ပိုင်း ၁၀နှစ်အတွင်း လုံးဝမနိုင်ထားတော့ပါဘူး။

ဒါကြောင့် ကလောာ့ပ်ပြောသလို နည်းပြ အန်ဆယ်လော့တီရဲ့ အမှတ်တကယ်ပဲ ချန်ပီယံ ပြေးလမ်းမှာ စိန်ခေါ်သူ အသစ် ဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရတော့မှာပါ။

Share

Loading Next Article...
က္က