ဒဏ်ရာကြောင့် နားနေရရာမှ ပထမဆုံးပွဲထွက်ပါဝင်လာခဲ့တာပါ။
Kyaw Ko Ko Sint

လက်ပစ်ဘောကို အာဆင်နယ်အသင်းဖက်ကို ပေးလိုက်တဲ့အပေါ် မန်စီးတီး ရသင့်တယ်ဆိုပြီး စည်းကြပ်ဒိုင်ကို စောဒဂတက်ရင်း အမှတ်မထင် ပုခုံးသွားဖက်မိခဲ့တာပါ။

အာဆင်နယ်ကို ၁-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန်အတွင်း စည်းကြပ်ဒိုင်ကို ပုခုံး သွားဖက်ခဲ့မိတဲ့ မန်စီးတီး တိုက်စစ်မှူး အဂူရိုကို ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

စည်းကြပ်ဒိုင်ကလည်း အမျိုးသမီး စည်းကြပ်ဒိုင်ဖြစ်နေတာကြောင့် အခုလို ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပြီး ပွဲအပြီးမှာလည်း မီဒီယာတွေရဲ့ အမေးကို နည်းပြ ဂွါဒီယိုလာက ဒိုင်ခံ ဖြေရှင်းပေးခဲ့ရသေးတယ်လို့ Goal.com သတင်းဌာနက ဖော်ပြလာပါတယ်။

အဂူရိုကတော့ ပွဲချိန် ၄၁မိနစ်ခန့်မှာ လက်ပစ်ဘောပေးတာ မပေးတာနဲ့ ပတ်သက်ပြီး စည်းကြပ်ဒိုင်ကို စောဒဂ တက်ရင်း အမှတ်မထင် ပုခုံးသွားဖက်မိခဲ့တာပါ။

ဒီအပေါ်မှာ မီဒီယာတွေက ဝိုင်းဝန်းထောက်ပြ ပြောဆိုမေးမြန်းတဲ့အပေါ်မှာတော့ - “လုပ်ကြစမ်းပါကွာ၊မင်းတို့ လည်းသိပါတယ်၊ဆာဂျီယိုဆိုတာ ကျွန်တော် သိလာတဲ့ ဘဝတစ်လျှောက်လုံးမှာ တကယ့်ကို နှစ်လိုဖွယ်ကောင်း တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။အခုပြဿနာကို လက်ရှိ အခြေအနေအရမဟုတ်ပဲ အခြားအခြေအနေတစ်ခုမှာ မြင်ကြည့် ပေးပါလား။”လို့ဆိုပြီး ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။

အဂူရိုကတော့ ဒူးဒဏ်ရာကြောင့် ကာလရှည် နားနေရရာမှာ အာဆင်နယ်နှင့်ပွဲမှာ ပထမဆုံး ပွဲထွက် ပြန်လည် ပါဝင်လာနိုင်ခဲ့တာပါ။

အာဆင်နယ်ကို အနိုင်ရလိုက်တာဟာ အသင်းအတွက် ဒုတိယမြောက် လိဂ်နိုင်ပွဲဖြစ်ခဲ့ပြီး ရမှတ် ၇မှတ်နဲ့ မူလ အဆင့် ၁၄ကနေ ၉အထိ မြင့်တက်လာခဲ့ပါတယ်။


Author


က္က