အသင်းကနေ အဖိုးနှုန်းနည်းပါးစွာနဲ့ ရောင်းချခဲ့တဲ့အပေါ်လည်း အံ့အားသင့်နေကြပါတယ်။
Pyae Phyo Thein

လက်ရှိမှာ ဂျိမ်းစ်က အသင်းအတွက် ၃ ဂိုးသွင်းယူပေးပြီး ၃ကြိမ်ဖန်တီးပေးထားကာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားစာရင်းထဲထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိအကြီးအကဲတွေဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်းဆီ ရောင်းချခဲ့တဲ့ နည်းပြဇီဒန်းရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်နေပြီး ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ရာမှာ ဂျိမ်းစ််ရဲ့ လက်ရှိခြေစွမ်းပြနေမှုတွေကြောင့် ရီးရဲလ်က တော်တော်လေးကို စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် ကိုလံဘီယာကြယ်ပွင့်ဟာ ဇီဒန်းလက်အောက်မှာ ပုံမှန်ကစားခွင့်မရခဲ့တဲ့နောက် ဒီရာသီမှာ အဲဗာတန်ကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဂျိမ်းစ်က အသင်းအတွက် ၃ ဂိုးသွင်းယူပေးပြီး ၃ကြိမ်ဖန်တီးပေးထားကာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားစာရင်းထဲထိ ဝင်ရောက်နိုင်ခဲ့ပါတယ်။ 

ဂျိမ်းစ်အနေနဲ့ အန်ဆယ်လော့တီလက်အောက်မှာ ပင်ကိုယ်ခြေစွမ်းတွေကို ပြန်လည်ရရှိနေတာဖြစ်ပြီး အဓိကကစားသမားအဖြစ် ပွဲတိုင်းမှာ ပါဝင်ကစားနေခဲ့ရပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်မှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းတွေက အဲဗာတန်အသင်းအတွက် တော်တော်လေးအကျိုးကျေးဇူးရှိနေခဲ့ပြီး အင်္ဂလိပ်ဘောလုံးလောကမှာ အလွယ်တကူပဲ အထိုင်ကျနေခဲ့ပါတယ်။ 

တစ်ဖက်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ရာသီအစမှာပဲ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့တစ်ပတ်ကလည်း တန်းတက်ကာဒစ်အသင်းကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတယ်။ ဇီဒန်းအနေနဲ့ ဂျိမ်းစ်၊ ဘေးလ် နဲ့ ရီဂူလွန်တို့ကို အသင်းကနေ ထွက်ခွာစေခဲ့ပြီး ရီဂူလွန်ကလည်း စပါးမှာ ခြေစွမ်းပြနေတာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်တွေမှားယွင်းနေတယ်လို့ ဝေဖန်ခံနေခဲ့ရပါတယ်။ 


Author


က္က