ဒူးဒဏ်ရာကြောင့် ၄လကျော်လောက် အနားယူပြီးမှ ပြန်လည်ကစားချိန် ၃ပွဲမြောက်မှာ ကြွက်သား ပြန်လည်နာသွားတာပါ။

အဂူရိုကတော့ အောက်တိုဘာ ၁၇က အာဆင်နယ်ကို ၁-၀နဲ့ နိုင်တဲ့ပွဲမှာ ပြန်လည်စတင်ပါဝင်နိုင်ခဲ့ပေမယ့် ၃ပွဲမြောက်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ ပထမပိုင်းသာ ကစားနိုင်ပြီး လူစားလဲခံခဲ့ရသူ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး အသင်းအနေနဲ့ သူတို့ရဲ့ ထိပ်တန်း ဂိုးသွင်းစက် တိုက်စစ်မှူး အဂူရိုကို လာမယ့် မာဆေးလ် နဲ့ ကစားရမယ့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဥ်မှာ လက်လွှတ်ရမယ်လို့ BBC SPORTသတင်းဌာနက ဖော်ပြလာပါ တယ်။



အသက် ၃၂နှစ်အရွယ် အဂူရိုဟာ ဒူးဒဏ်ရာကြောင့် ကာလရှည် နားနေရရာမှ ပြန်လည်သက်သာလာခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီမှာ အသင်းနဲ့ ၃ပွဲသာ ပြန်လည်ပါဝင်ကစားနိုင်ပြီးနောက်အခုလို ထပ်မံ အနားယူရတာ လည်း ဖြစ်ပါတယ်။

ခွဲစိတ်ထားတဲ့ ဒဏ်ကြောင့် ကြံ့ခိုင်မှုပြည့်ဝသည့်တိုင် နဂိုအတိုင်း မဖြစ်တော့ပဲ ဒဏ်ရာဝန်းကျင်က ကြွက်သား နာကျင်မှု ပြဿနာကြောင့် ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တဲ့ပွဲမှာပင် ပထမပိုင်းသာ ပါဝင်ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အဂူရို ပြန်လည် ဒဏ်ရာရရှိသွားတာနဲ့ ပတ်သက်ပြီး နည်းပြ ဂွါဒီယိုလာကတော့ - “ဒဏ်ရာသေးရင် အနည်းဆုံး ၁၀ရက် ၁၅ရက်ဆိုပေမယ့် ဒဏ်ရာကြီးရင်တော့ ၃ပတ်ကနေ ၄ပတ်အထိ နားရနိုင်ပါတယ်။တစ်ခုသိထားဖို့ လိုတာ က ကစားသမားတစ်ယောက်ဟာ ဒူးဒဏ်ရာကြောင့် ၄လကနေ ၅လအထိ အနားယူထားရတဲ့ ကစားသမားတစ်ဦး အနေနဲ့ ပြန်လည်ကောင်းလာချိန်မှာ အနည်းနဲ့အများတော့ အခက်အခဲနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။”လို့ ဆိုပါတယ်။

အခုလို ကြွက်သား ပြန်လည်အနာတရ ဖြစ်နေတဲ့ အဂူရိုကို ကြံ့ခိုင်မှုကောင်းလာအောင် ပွဲချိန်ပြည့်မဟုတ်ပဲ တစ်ပွဲကို မိနစ် ၅၀ကနေ ၅၅မိနစ် အထိ ကစားစေဖို့ကလည်း နောက်ပွဲအတွက် ကောင်းမှာ မဟုတ်တဲ့အတွက် ပိုကောင်းတဲ့ ကုသမှုတစ်ခုကို ထပ်မံ စဥ်းစားရဦးမယ်လို့လည်း ဂွါဒီယိုလာက ပြောခဲ့ပါသေးတယ်။

ကစားသမားတွေအကြောက်ဆုံး ဒဏ်ရာက ဒူးဒဏ်ရာဖြစ်ပြီး ဒူးဒဏ်ရာရရှိသွားတဲ့ ကစားသမားတွေဟာ အရင် လိုခြေစွမ်းမျိုးပြန်ရဖို့ ခက်ခဲသွားသလို ကစားသမားဘဝက စောစီးစွာ အနားယူသွားခဲ့ရတဲ့ သာဓကတွေလည်း များစွာ ရှိထားဖူးပါတယ်။

အခုလက်ရှိ အဂူရိုရဲ့ အသက်နဲ့ သူရင်ဆိုင် ဖြတ်သန်းရမယ့် လိဂ်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပုံမျိုးနဲ့ဆိုရင် ပိုမိုပြင်းထန် တဲ့ လေ့ကျင့်ခန်းတွေနဲ့ ကြံ့ခိုင်မှုမျိုး လုပ်ဆောင်နိုင်မှသာ ဖြစ်နိုင်ဖို့ ရှိနေပြီး မဟုတ်ရင်တော့ မန်စီးတီးအသင်းရဲ့ အားကိုးရမယ့် တိုက်စစ်မှူး တစ်ဦး ဖြစ်ဖို့ မလွယ်ကူတော့မယ့် အခြေအနေမှာ ရှိနေပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ မာဆေးလ်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် နောက်ခံလူ လာပေါ်တေပါဝင်သွားပြီး အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကီဗင်ဒီဘရိုင်းကိုတော့ နည်းပြ ပတ်က ဝက်စ်ဟမ်းနဲ့ပွဲမှာ အရံကစားသမားအဖြစ်သာ အသုံးပြုခဲ့လို့ ပွဲထုတ်ဖို့ မသေချာတဲ့ အနေအထားရှိနေပါတယ်။

ဒါပေမယ့်လည်း ဖာနန်ဒင်ဟို၊မန်ဒီနဲ့အကီတို့ကတော့ အဆိုပါ မာ‌ဆေးလ်နဲ့ တံခါးပိတ် ပွဲစဥ်ကို သေချာပေါက် လွဲချော်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က