နှစ်သင်းစလုံး ဒဏ်ရာရ ကစားသမားတွေ များနေပါတယ်။
Kyaw Ko Ko Sint

နှစ်ဦးသား လက်တွဲညီညီနဲ့ အက်ဖ်အေကို လူစားလဲခွင့် ၅ဦးတိုးမြှင့်သင့်တယ်လို့ ထောက်ပြတင်ပြထားပေမယ့် လည်း အက်ဖ်အေကတော့ ၃ဦးသာ ဆက်လက်ခွင့်ပြုသွားမယ်လို့လည်း ပြန်လည်သတင်းထုတ်ပြန်ထားပါတယ်။

လီဗာပူး နည်းပြ ကလော့ပ်နဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာကတော့ နောက်ပိုင်းနှစ်တွေမှာ အဓိက ပြိုင်ဖက် နည်းပြတွေ အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဆုအပြင် ဥရောပပြိုင်ပွဲတွေအထိ ထိပ်တိုက် ရင်ဆိုင်နေရသူတွေပါ။

ယခုနှစ်မှာတော့ ကိုဗစ်ကာလနဲ့ ကြုံကြိုက်နေလို့ ဘောလုံးပွဲတွေ ပွဲဆက်များလာပြီး ကစားသမားတွေ ဒဏ်ရာရမှု စိပ်လာတာနဲ့ ပတ်သက်ပြီး နှစ်ဦးသား တက်ညီလက်ညီနဲ့ ကော်မတီကို တင်ပြလာတာရှိပါတယ်။

ဒါပေမယ့်လည်း ကော်မတီကတော့သူတို့ တင်ပြလာတဲ့ ကစားသမား ၃ဦးမှ ၅ဦးထိ တိုးမြင့်လဲခွင့်ကို အတည်မပြု ပေးပဲ ရှိနေပါတယ်။

တိုက်ဆိုင်စွာပဲ ပွဲဆက်များလို့ ဒဏ်ရာရ ကစားသမားတွေများလာတာကတော့ သူတို့ နှစ်သင်းက ပေါ်ပေါ်လွင် လွင်ရှိနေပြီး အဓိက ကစားသမားတွေ ဒဏ်ရာရနေကြတာပါ။

လီဗာပူးမှာဆိုရင် အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဗန်ဒိုက်၊ဖာဘင်ဟို၊ချိန်ဘာလိန်၊အယ်လ်ကန်တာရာ၊ဂျိုးစ်ဂို မက်တို့ ဒဏ်ရာရနေပြီး မန်စီးတီးကလည်း လီဗာပူးနည်းတူ အဓိက ကစားသမားတွေဖြစ်တဲ့ အဂူရို၊ဖာနန်ဒင်ဟို၊ မန်ဒီတို့အပြင် ယခုအခါ အကီပါ ထပ်မံ ဒဏ်ရာရနေလို့ ဒါဟာ ကြီးမားတဲ့ တိုက်ဆိုင်မှုမျိုးလို့သာ ဆိုရမှာပါ။

လီဗာပူးနဲ့မန်စီးတီးတို့ရဲ့ နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံထားမှုကလည်း မကြာသေးခင်ကမှ သရေရလဒ် ထွက်ပေါ်ထားလို့ ဒဏ်ရာရ ကစားသမား များပြားနေခြင်းကနေ နှစ်သင်းစလုံး ဘယ်လို ရုန်းထွက်နိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။


Author


က္က