ဗန်ဒိုက်၊ဂိုမက်ဇ်စတဲ့ အဓိက ဗဟိုခံစစ်မှူးတွေ ဒဏ်ရာရနေကြတာပါ။

ဝယ်ယူဖို့ ချိန်ရွယ်ထားသူတွေကိုတော့ လာမယ့်နွေရာသီစျေးကွက်ကျမှ ခေါ်ယူနိုင်ဖွယ်ရှိနေပြီး လတ်တလော မှာတော့ လူငယ်တွေနဲ့ပဲ အစားထိုးပြီး အသင်းကို ထိန်းကစားသွားရမှာပါ။

လီဗာပူးအသင်းဟာ အဓိက နောက်ခံလူတွေ ဒဏ်ရာရနေလို့ အရေးပေါ် လူအင်အားဖြည့်တင်းရဖို့ လိုနေ ပေမယ့်လည်း လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့ တစ်စုံတစ်ဦးကို ခေါ်ယူဖို့ မရှိဘူးလို့ သိရပါ တယ်။



လက်ရှိမှာတော့ နည်းပြကလော့ပ်မှာ ဒေါင်ဒေါင်မြည် စီနီယာ နောက်ခံလူဆိုလို့ ဂျိုးမာတစ်တစ်ဦးတည်းသာရှိ နေတော့ပြီး ဗန်ဒိုက်၊ဂျိုးစ်ဂိုမက်ဇ်တို့ ဒဏ်ရာတွေ ပြင်းထန်စွာ ကိုယ်စီ ရရှိထားကြတာပါ။

ဒီအခြေအနေမှာ ပရီးမီးယားလိဂ် သရဖူကို ကာကွယ်နိုင်ဖို့ဆိုရင်တော့ လီဗာပူးအနေနဲ့ အားနည်းနေတဲ့ နောက် တန်းဗဟိုချက်ကို မဖြစ်မနေ ဖြည့်စွက်ဖို့ လိုအပ်နေပေမယ့် The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ လာမယ့်ဇန်နဝါရီ စျေးကွက်အတွင်း လီဗာပူးအနေနဲ့ လူဝယ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့သိရတာပါ။

အဓိက ဗဟိုနောက်ခံလူ ဗန်ဒိုက်ကတော့ အဲဗာတန်နဲ့ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ ပြိုင်ဖက် ဂိုးသမားနဲ့ ထိ ခိုက်မိပြီး ဒူးဒဏ်ရာရကာ ကာလရှည်နားနေရသူဖြစ်ကာ ဂျိုးဂိုမက်ဇ်ကတော့ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနေစဥ် လေ့ကျင့်ရေးမှာ ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တာပါ။

နောက်တန်းကို ဖြည့်တင်းဖို့အတွက်မူ လီဗာပူး ကာလရှည် ချိတ်ဆက်နေတဲ့ ကစားသမားတွေတော့ရှိပြီး လိုက်ပ် ဇစ်က အူပါမီကာနိုနဲ့နာပိုလီက ကောင်လီဘလီတို့ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါကစားသမားတွေကို လာမယ့် ဇန်နဝါရီအတွင်းခေါ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပဲ ဒီ ကစားသမားတွေကို ခေါ်ယူဖို့ကတော့ နည်းပြ ကလော့ပ်တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မရပဲ အဆင့်ဆင့် ညှိနှိုင်း ဆွေးနွေးဖို့လိုတာကြောင့် နွေရာသီအထိ ‌စောင့်ရနိုင်ပါတယ်။

အစောဆုံးကစားရမယ့်ပွဲက လက်စတာစီးတီးအသင်းနဲ့ပွဲဖြစ်ပြီး အဓိက ကစားသမားတွေနေရာမှာတော့ လူငယ် ကစားသမားတွေဖြစ်တဲ့ နတ်ဖိလစ်နဲ့ရွိုင်းဝီလီယံတို့ ရှိနေပါတယ်။

ဒါ့အပြင် ဒဏ်ရာက ပြန်လည်သက်သာလာပြီး မန်စီးတီးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပါဝင်နိုင်ခဲ့တဲ့ မာတစ်ကို လည်း ဗဟိုနောက်ခံနေရာမှာ ထားကစားနေနိုင်ပါသေးတယ်။

လီဗာပူးမှာ ဗဟိုနောက်ခံလူ နေရာတစ်ခုတည်းမဟုတ်ပဲ အခြားသော နေရာတွေမှာလည်း အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ အယ်လ်ကန်တာရာ၊ချိန်ဘာလိန်၊ဆာလာ၊အာနိုးလ်၊ရော်ဘင်ဆင်စတဲ့ အဓိက ကစားသမားတွေ ဒဏ်ရာကြောင့် အသင်းနဲ့ မပူးပေါင်းထားနိုင်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က