တနင်္လာနေ့မှာ အသင်းနဲ့ စတင် ပူးပေါင်းမယ်လို့ သိရပါတယ်။

ဆာလာကတော့ ကိုဗစ်ရောဂါပိုး မရှိတော့လို့ လာမယ့် ဗုဒ္ဓဟူးညမှာကစားမယ့် အတ္တလန်တာနဲ့ ချန်ပီယံလိဂ် ပွဲမှာ အသင်းနှင့်အတူ လူစာရင်းပြန်လည်ပါဝင်လာမယ်လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ်ကတော့ ကိုဗစ် ရောဂါပိုး ကူးစက်ခံထားရလို့သီးသန့်နေနေရတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူးဆာလာအနေနဲ့ ကိုဗစ်ပျောက်ဆုံးသွားလို့ လာမယ့် တနင်္လာနေ့ကစပြီး အသင်းနဲ့ ပူးပေါင်း နိုင် တော့မယ်လို့ အတည်ပြု ထုတ်ပြန်ပေးလာပါတယ်။



ဆာလာအနေနဲ့ အီဂျစ်အသင်းနှင့် ပူးပေါင်းနေတဲ့ နိုင်ငံတကာ ပြိုင်ပွဲကာလမှာ ကိုဗစ် ကူးစက်ခံရလို့ ယနေ့ မနက် က လက်စတာကို ၃-၀နဲ့ နိုင်တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း ဆာလာအနေနဲ့ လာမယ့် ဗုဒ္ဓဟူးညမှာ ကစားမယ့် အတ္တလန်တာနဲ့ ချန်ပီယံလိဂ် ပွဲမှာတော့ ပြန်လည် ပါဝင်လာမယ်လို့ ကလော့ပ်က လက်စတာနှင့်ပွဲအပြီးမှာ အတည်ပြုပေးခဲ့တာပါ။

“ဒီနေ့ဟာ ရောဂါပိုးမရှိတဲ့ နေ့ပါပဲ၊ဒီနေ့ကစပြီး ဆာလာအနေနဲ့ ပုံမှန်အခြေအနေတိုင်း ဆေးစစ်မှုတွေ၊လေ့ကျင့် ခန်းတွေကို ခံယူနိုင်ပါတော့မယ်။မနက်ဖြန်မှာ ချန်ပီယံလိဂ်ပွဲစဥ်အတွက် ယူအီးအက်ဖ်အေက ဆေးစစ်မှု ယူပါ မယ်။တနင်္လာနေ့မှာ ဆာလာအနေနဲ့ အသင်းနဲ့ ပူးပေါင်းနိုင်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။”လို့ ကလော့ပ်က ဆိုခဲ့တာပါ။

နောက်ထပ် ၂ရက်ကြာရင်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ဆေးစစ်မှု ၂ကြိမ်ကို ဆက်လုပ်မှာ ဖြစ်ပြီး အဲ့ဒီကျ ရင်လည်း ဆာလာဟာ အများနည်းတူ ဆေးစစ်မှု ထပ်မံ ခံယူရဦးမှာပါ။

အခြားတစ်ဖက်မှာတော့ လက်စတာနှင့်ပွဲမှာ ပွဲချိန် ၅၃မိနစ်၌ ထိခိုက်ဒဏ်ရာရခဲ့တဲ့ နဘီကီတာကတော့ တံကောက်ကြောဒဏ်ရာရခဲ့တယ်လို့ သိရပြီး ဒဏ်ရာရစာရင်းကိုတော့ တိုးသွားစေခဲ့ပါသေးတယ်။

လက်ရှိမှာတော့ လီဗာပူးအသင်းဟာ လက်စတာကို နိုင်လိုက်လို့ စပါးအသင်းနှင့်ရမှတ်တူ ၂၀မှတ်နှင့် ပရီးမီးယား လိဂ် အဆင့် ၂နေရာမှာ ဂိုးကွာြခားချက်နဲ့ ရပ်တည်နေရပါတယ်။

Share

Loading Next Article...
က္က