တစ်ဖက်တစ်ဂိုးစီ သရေကျသွားပါတယ်။
Kyaw Ko Ko Sint

မိနစ် ၉၀အထိ တစ်ဂိုးအသာနဲ့ နိုင်နေပြီးမှ ၉၃မိနစ်မှာ ပင်နယ်တီပေးလိုက်ရလို့ တစ်ဖက်တစ်ဂိုးစီနဲ့ ရမှတ် အပြည့်ရမှာကို နစ်နာသွားရတာပါ။

လီဗာပူးအသင်းကတော့ ဘရိုက်တန်ကို အဝေးကွင်းမှာ သရေသာ ကစားနိုင်လို့ ထိပ်ဆုံးက စပါးကို ဖိအားပေး နိုင်မှု အနည်းငယ် အားလျော့သွားခဲ့ရပါတယ်။

တိုက်စစ်မှူး ဂျိုတာရဲ့ မိနစ် ၆၀မှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့် မိနစ် ၉၀ပြည့်လို့ နာကျင်အချိန်ပို ၃မိနစ်မှာ ဘရိုက်တန်အသင်း ပင်နယ်တီ ရသွားခဲ့ပြီး ဒီပင်နယ်တီကို ဂရို့စ်က ကန်သွင်းယူကာ ဘရိုက်တန်အ တွက် အဖိုးတန် သရေတစ်မှတ်ရယူပေးသွားတာပါ။

ဒါပေမယ့်လည်း အစောပိုင်းကတည်းက ဘရိုက်တန်အသင်း ဦးဆောင်ဂိုးရရမှာ ဖြစ်ပြီး မိနစ် ၂၀မှာရတဲ့ ပထမ ပင်နယ်တီကို မတ်ပေးဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့တာကြောင့် အခုလို သရေရလဒ်နဲ့ပဲ ကျေနပ်လိုက်ရတာ ပါ။

ဘာပဲ ဖြစ်ဖြစ် သရေတစ်မှတ်ရထားလို့ ရမှတ် ၂၁မှတ်နဲ့ အမှတ်ပေးဇယားကို လီဗာပူး ဦးဆောင်ထားနိုင်ပြီး မနက်ဖြန်မှာ ကစားမယ့် စပါး-ချဲလ်ဆီးပွဲမှာ အနိုင်ရတဲ့အသင်းက အမှတ်ပေးဇယားကို ပြန်လည်ဦးဆောင်ခွင့်ရ သွားမှာပါ။

ဒီနေ့ပွဲမှာ လီဗာပူးအတွက် တစ်ဂိုးသွင်းယူပေးခဲ့တဲ့ ဒီယေဂို ဂျိုတာကတော့ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ပွဲ ပါဝင်ကစားထားရာမှာ ၉ဂိုးအထိသွင်းယူပေးထားနိုင်ပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က