လိဂ်ဖလားပွဲမှာ ၄-၁နဲ့ အနိုင်ရအပြီး ပြောခဲ့တာပါ။

အာတီတာကတော့ မနှစ်က အသင်းနှင့်အတူ အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်း ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီနှစ်မှာ တော့ နှစ်ပေါင်း ၆၀အတွင်း အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပြီး တန်းဆင်းဇုန်ထက် ၄မှတ်သာ ကွာဟ တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ရလဒ်မကောင်းဖြစ်နေလို့ နည်းပြ အာတီတာကို ထုတ်ပယ်လိုက်တာဟာ အဖြေမှန် မဟုတ်ပဲ အမှားကြီး မှားသွားလိမ့်မယ်လို့ မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာက သတိပေးပြောဆိုလာပါတယ်။



ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ယနေ့မနက်က ကစားခဲ့တဲ့ ကာရောင်ဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဥ် မှာ အာဆင်နယ်အသင်းကို ၄-၁နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းဟာ နောက်ဆုံး ကစားထားတဲ့လိဂ် ၈ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားသလို လိဂ်ဖ လားပွဲမှာလည်း နိုင်ပွဲဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

“သူ့အပေါ်မှာ ဆက်လက်ယုံကြည်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့အ သေအချာ ပြောရဲပါတယ်။သူ့ကို ထုတ်ပယ်ဖို့ စဥ်းစားလိုက်တာနဲ့အမှားကြီးမှားသွားပါလိမ့်မယ်။”လို့ အာဆင်နယ်ကို ဂွါဒီယိုလာက ပွဲအပြီးမှာ သတိ ပေးစကားဆိုလိုက်ပါတယ်။

အာတီတာကိုယ်တိုင်ကလည်း အာဆင်နယ်အသင်း နည်းပြ ရာထူးကနေ လက်လျော့ပြီး အဝေးကို ထွက်ပြေးဖို့ စိတ်ကူး မရှိသလို အသင်းကလည်း အားပေးထောက်ခံပေးထားတယ်လို့ ခံစားရကြောင်း မန်စီးတီးနဲ့ ပွဲမတိုင်ခင်မှာ ပြောထားပါသေးတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ လိဂ်မှာ အခြေအနေဆိုးရွားစွာနဲ့ အဆင့် ၁၅နေရာမှာ ရပ်တည်နေရပြီး တန်းဆင်းဇုန်က အသင်းထက်လည်း ၄မှတ်သာ ကွာဟပါတော့တယ်။

ဒါပေမယ့်လည်း ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ၃၂သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းထားနိုင်ပြီး လိဂ်ဖလားမှာတော့ မန်စီးတီးကို အရေးနိမ့်ပြီး ထွက်ခဲ့ရပါပြီ။

“လူသားတစ်ယောက်အနေနဲ့ သူ့ရဲ့ အရည်အချင်းနဲ့ မန်နေဂျာတစ်ယောက်ရဲ့ အရည်အချင်းတွေကို ကောင်း ကောင်းကြီးသိပါတယ်။ဒီအချိန်မှာတော့ မေးခွန်းအတွက်အကောင်းဆုံးဆိုပေမယ့် သူအကောင်းဆုံး လုပ်ဆောင် နိုင်မှာပါ။အခုက ဘောလုံးဟာ တစ်ပတ်တာအလိုက်ကို ပြောင်းလဲနေပါတယ်။ကျွန်တော့်အနေနဲ့ ကိုယ်နဲ့ယှဥ်ပြီး သူ့အကြောင်းပြောရမယ်ဆိုရင်တော့ အင်္ဂလန်ရဲ့ အောင်မြင်တဲ့ အသင်းတစ်သင်းမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အချိန် သူကလည်း အစိတ်အပိုင်းအဖြစ် အကောင်းဆုံး ပါဝင်ခဲ့သူပါ။သူမရှိခဲ့ပဲ ကျွန်တော် မအောင်မြင်နိုင်ခဲ့ပါဘူး။” လို့ ဂွါဒီယိုလာက ဆက်လက်ပြောပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က