ယနေ့ညမှာ ယှဥ်ပြိုင် ကစားမှာပါ။

မနှစ်က လိဂ်ဖလား ဆီမီးဖိုင်နယ်တုန်းကလည်း ဒီနှစ်သင်းဆုံခဲ့သေးပြီး အဲ့တုန်းက နှစ်ကျော့ပေါင်းရလဒ် ၃-၂နဲ့ စီး တီး အနိုင်ရခဲ့ပြီး ဒီနှစ်မှာတော့ တစ်ကျော့တည်းသာ ကစားမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲအဖြစ် ယနေ့ညမှာ ကစားရမယ့် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဥ် မှာ အရေးနိမ့်ခဲ့ပါက မိမိအနေနဲ့ အကြောင်းပြချက် တစ်စုံတရာ ပေးမှာ မဟုတ်ဘူးလို့ ယူနိုက်တက် နည်းပြ ဆိုးလ် ရှားက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။



ပုံမှန်ဆိုရင်တော့ ကာရာဘောင်ပွဲကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ ကစားပေမယ့် ယခုနှစ်မှာတော့ တစ်ကျော့ တည်းသာ ကစားစေတော့မှာ ဖြစ်ပါတယ်။

ဆိုးလ်ရှားအတွက်တော့ ၁၂လအတွင်းမှာ ၄ကြိမ်မြောက် ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ကစားရမှာ ဖြစ်ပြီး မနှစ်က လည်း အက်ဖ်အေဖလားနဲ့ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွေမှာ ချဲလ်ဆီးနဲ့ ဆီဗီလာတို့ကို အသီးသီး အရေးနိမ့်ပြီး ပြိုင်ပွဲ ကနေ နုတ်ထွက်ခဲ့ရပါတယ်။

“မနှစ်က လိဂ်ဖလား ဆီမီးဖိုင်နယ်ပြီးကတည်းက ကျွန်တော်တို့ အသင်း အများကြီး တိုးတက်လာပါတယ်၊ ဒါဟာ အနိုင်ရဖို့ဘယ်လိုသင်ယူရမလဲဆိုတာထက် အကောင်းဆုံး ပုံစံနဲ့ ဘယ်လို ရှေ့ဆက်မလဲဆိုတာကို ရရှိဖို့ပါ၊အခုချိန် မှာတော့ ကျွန်တော်တို့ အကောင်းဆုံး ပုံစံမှာရှိနေပါပြီ။ဘာအကြောင်းပချက်မှ မလိုပါဘူး။”လို့ ဆိုးလ်ရှားက ဆိုခဲ့ ပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်တို့က မနှစ်က လိဂ်ဖလား ဆီမီးဖိုင်နယ်မှာပဲ ဆုံခဲ့သေးပြီး အဲ့တုန်းကတော့ နှစ်ကျော့ပေါင်း ၃-၂နဲ့ စီးတီးက အနိုင်ရပြီး ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။

စီးတီးအနေနဲ့ကတော့ ၂နှစ်ဆက် ချန်ပီယံ ဖြစ်ထားလို့ ယခုနှစ်ချန်ပီယံဖြစ်ပါက ၃နှစ်ဆက်တိုက် လိဂ်ဖလားကို ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ယခုပွဲမကစားခင် လိဂ်မှာ နောက်ဆုံး ၁၀ပွဲကစားထားပြီး ၈ပွဲအထိ အနိုင်ယူပြထားနိုင်ပါ တယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ၁၂လအတွင်းကစားထားသမျှ ဆီမီးဖိုင်နယ် ပွဲစဥ်အားလုံးကို အရေးနိမ့်ထား တာကြောင့် ယခု စတုတ္ထမြောက် ပွဲဟာ အနိုင်နဲ့ပိုင်းနိုင်မလား ရှုံးပွဲဆက်ဦးမလား ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က