မန်စီးတီးအသင်းက နှစ်ပွဲကစားနှစ်ပွဲနိုင် ၆ မှတ်ချင်းတူသော်လည်း ရဂိုးများနေလို့ ချဲလ်ဆီးကို ကျော်လွန်ကာ အဆင့်(၁)နေရာကို ရယူထားနိုင် ခဲ့ပါတယ်။
၂၀၁၈-၁၉ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ရဲ့ ဒုတိယနေ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဟက်ဒါဖီးလ်အသင်းတို့ ပွဲစဉ်မှာတော့ မန်စီးတီး အသင်း က ၆-၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။
ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်လက်ပတ်နဲ့ထပ်မြင်ရဦးမယ့် ဘရိုက်တန်နဲ့ပွဲစဉ်
လက်ရှိချန်ပီယံ မန်စီးတီးအသင်းအနေနဲ့ ယနေ့ပွဲမှာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲထွက်လာခဲ့တဲ့ တောင်ပံ ကစားသမား သစ်မာရက်ဇ်ကို ပွဲထုတ်လာခြင်းမရှိပဲ တိုက်စစ်မှာ အဂူရို ဂျီးဆပ်အတွဲကို အသုံးပြုခဲ့ပါတယ်။
ဒီလို ပွဲထုတ်ခဲ့တာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ပထမပိုင်း ၃၅ မိနစ်အတွင်းမှာပဲ မန်စီးတီးက ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနှင့်ပြီးဖြစ်ပြီး ၄၃ မိနစ်မှာ ဟက်ဒါဖီးလ်က ချေပဂိုးပြန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ၃-၁ ဂိုးနဲ့ အနိုင်ရနေခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲစလို့ ၃ မိနစ်အကြာမှာပဲ ဒေးဗစ်ဆေးလ်ဗားက စတုတ္ထဂိုးကိုလည်းကောင်း၊၇၆ မိနစ်မှာ အဂူရိုက ဒီနှစ်ပရီးမီးယားလိဂ် ဘောလုံးရ သီရဲ့ ပထမဆုံး ဟက်ထရစ်ကိုလည်းကောင်းအသီးသီးသွင်းယူခဲ့ကြပါတယ်။
ပွဲပြီးဖို့ ၅ မိနစ်အလို ၈၅ မိနစ်အရောက်မှာတော့ ဟက်ဒါဖီးလ်နောက်ခံလူ ကွန်ဂိုလို ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိလို့ ပွဲအပြီးမှာ မန်စီးတီးအသင်းက ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် ဟက်ထရစ် သွင်းဂိုး ရယူပေးနိုင်ခဲ့တဲ့ အဂူရိုကတော့ ဒီနှစ်ဘောလုံးရာသီရဲ့ ပထမဆုံး ဟက်ထရစ် သွင်းဂိုးရှင်လည်း ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ မန်စီးတီးအသင်းက နှစ်ပွဲကစား နှစ်ပွဲနိုင် ရဂိုး ၈ ဂိုး ပေးဂိုး ၁ဂိုးနဲ့ ဂိုးကွာခြားချက် ၇ ဂိုးထိရှိကာ ချဲလ်ဆီးအသင်းထက် ရဂိုး ၃ ဂိုး ပိုများနေတာကြောင့် အမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နေခဲ့ပါပြီ။
ပထမနေ့မှာ ဝက်စ်ဟမ်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူပြီးအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းကတော့ အင်္ဂါနေ့ နံနက်မှ ပဲလေ့စ် အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။
ဒီနေ့ရဲ့ တစ်ချိန်တည်းမှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ဝက်ဖို့ဒ်အသင်းတို့ပွဲစဉ်မှာတော့ ဧည့်သည် ဝက်ဖို့ဒ်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။
Share