လက်ကျန် ၇ ပွဲအလိုမှာ ဆွတ်ခူးခဲ့တာပါ။

ပွဲစဉ် ၃၁ အပြီးမှာ ဒုတိယနေရာက မန်စီးတီးကို ၂၃ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့လို့ လက်ကျန်ပွဲအားလုံးအရေးနိမ့်ခဲ့ရင်တောင် မန်စီးတီးလိုက်မမီတော့လို့ ဆုဖလားရရှိခဲ့တာဖြစ်ပါတယ်။ 


လီဗာပူးလ်ရဲ့ လက်ကျန် ၇ ပွဲအလိုမှာ ဗိုလ်စွဲခဲ့မှုဟာ အင်္ဂလန်ရဲ့ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးလ်ဟာ ပွဲစဉ် ၃၁ အပြီးမှာ ဒုတိယနေရာက မန်စီးတီးကို ၂၃ မှတ်အထိဖြတ်တောက်ထားနိုင်ခဲ့လို့ လက်ကျန်ပွဲအားလုံးအရေးနိမ့်ခဲ့ရင်တောင် မန်စီးတီးလိုက်မမီတော့လို့ ဆုဖလားရရှိခဲ့တာဖြစ်ပါတယ်။ 



ဒီအရင်မှာ လက်ကျန် ၅ ပွဲအလိုမှာ ဗိုလ်စွဲခဲ့တာက အကောင်းဆုံးစံချိန်ဖြစ်ခဲ့ပြီးတော့ ၁၉၀၇-၀၈ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်၊ ၁၉၈၄-၈၅ မှာ အဲဗာတန်၊ ၂၀၀၀-၀၁ မှာ ယူနိုက်တက် နဲ့ ၂၀၁၇-၁၈ တို့မှာ မန်စီးတီးတို့က ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်ဗိုလ်စွဲခဲ့တဲ့ လီဗာပူးလ်ရဲ့ဆွတ်ခူးမှုမှာ လက်ကျန် ၇ ပွဲသာအလိုမှာ ချန်ပီယံဖြစ်ခဲ့တာက စံချိန်သစ်ဖြစ်လာခဲ့ပါတယ်။ 

ပွဲစဉ် ၃၁ ပွဲကစားအပြီးမှာ လီဗာပူးလ်က ရမှတ် ၈၆ မှတ်အထိရရှိခဲ့ပြီး အမြင့်ဆုံးရနိုင်တဲ့ ရမှတ် ၉၃ မှတ်မှာ ၇ မှတ်သာလျော့နည်းခဲ့တာဖြစ်ပါတယ်။ ပွဲပေါင်း ၂၁ပွဲအထိ အနိုင်ရရှိခဲ့ပြီးတော့ ၂ပွဲသရေကျပြီး တစ်ပွဲသာအရေးနိမ့်ခဲ့လို့ ချန်ပီယံအဖြစ် ထိုက်ထိုက်တန်တန်ဗိုလ်စွဲခဲ့တာလည်းဖြစ်ပါတယ်။ 

အခုလို အစောဆုံးဗိုလ်စွဲနိုုင်ခဲ့တဲ့ စံချိန်ကိုရရှိခဲ့မှုဟာ နည်းပြကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်၊ ကစားသမားတွေရဲ့ အံ့မခန်းကြိုးစားအားထုတ်မှုကြောင့်ဖြစ်တယ်လို့လည်း အင်္ဂလန်မီဒီယာအများအပြားက ချီးကျူးအသိအမှတ်ပြုခဲ့ကြပါတယ်။ လီဗာပူးလ်အသင်း ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းနည်းပြဟောင်းဒဲဂလစ်ရှ်၊ အသင်းခေါင်းဆောင်ဟောင်းစတီဗင်ဂျရတ်တို့က ချီးကျူးစကားဆိုခဲ့သလို အသင်းပရိသတ်တွေဟာလည်း ညလုံးပေါက်အောင်ပွဲခံမှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က