ထိပ်တန်းအဆင့်တိုက်စစ် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
Kyaw Ko Ko Sint

လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို အပြိုင်အဆိုင်ရယူဖို့ ကြိုးပမ်းနေတဲ့ ပြိုင်ဘက်အသင်းတွေကို ၎င်းရဲ့အသင်းဟာ ထိပ်တန်းအဆင့်ကို ရောက်ရှိဖို့ အနည်းငယ်သာလိုနေသေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ရာသီသစ်အစကို အကောင်းမွန်ဆုံးစတင်နိုင်ခဲ့ပြီး ၄ ပွဲကစားပြီးချိန်မှာ ၁၂ မှတ်အပြည့်ရရှိထားတာဖြစ်ပါတယ်။



gettyimages-1024833066.jpg

Photos: Metro

ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလား ချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ ၂၅ မှတ်အကွာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပေမယ့် ယခုရာသီမှာ လီဗာပူးအသင်းဟာ ချန်ပီယံဆုအတွက် အမှန်တကယ် ယှဉ်ပြိုင်နိုင်နေပြီလို့ ယေဘုယျအားဖြင့် အများစုက သဘောတူညီနေကြတာဖြစ်ပါတယ်။

နည်းပြဟောင်းကွန်တီ ဒေါသထွက်စေမယ့်စကားကို ပြောလိုက်တဲ့ မိုရာတာ 

ရာသီအစ ၄ ပွဲကစားပြီးချိန်မှာ လီဗာပူးအသင်းဟာ ၄ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး သွင်းဂိုး ၉ ဂိုးအထိ ရှိခဲ့ပြီး ပေးဂိုး ၁ ဂိုးသာရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ၎င်းရဲ့အသင်းအတွက် ယခုထက်ပိုမိုကောင်းမွန်တဲ့အရာတွေ ရရှိလာဖို့ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: Metro

 

"ကစားသမားတွေက သူတို့ရဲ့ထိပ်တန်းအဆင့်မှာ မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ရာသီရဲ့အစောပိုင်းမှာပဲ ရှိနေသေးလို့ပါ။ အဲဒါက ပုံမှန်ပါပဲ"

"အားလုံး သိထားသင့်တာက ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိနေသေးတယ်ဆိုတာပဲ။ ဒါပေမယ့် သူတို့ မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော် သူတို့ကို ပြောမှာပါ"

"ခင်ဗျား ၄ ကြိမ်စလုံး အနိုင်ရရှိတဲ့အချိန်မှာ အဲဒါကို ပြောဖို့အတွက်က တော်တော်လေးရူးချင်စရာပါပဲ။ ဒါပေမယ့် အဲဒါက နွေရာသီအပြီး အချိန်တော်တော်ကြာခဲ့တဲ့ ရာသီကြိုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေသေးပါတယ်"

"စက်တင်ဘာလ လလယ်မှာ ကျွန်တော်တို့ ၃ ရက်တိုင်း ပွဲစဉ်တွေကစားဖို့ရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အခုအလုပ်လုပ်နေပါတယ်။ အဲဒါက ပုံမှန်ပါပဲ။ အဲဒါတောင် ပွဲစဉ်ထဲမှာ ခင်ဗျား တော်တော်နဲ့ ၁၀၀ ရာခိုင်နှုန်းဖြစ်မှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


Author


က္က