လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာဟာ လူတွေက လီဗာပူးအသင်း ယခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားရဖို့ အခွင့်အလမ်းတွေရှိနေတယ်လို့ ပြောဆိုနေကြတဲ့အပေါ် လီဗာပူးအသင်းသားတွေက ပျော်ရွှင်နေကြကြောင်း ပြောကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ယခုနွေရာသီမှာ ငွေကြေးအများဆုံးသုံးစွဲထားတဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်ပါတယ်။
Photos: Sky sports
လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ယခုနွေရာသီမှာ ပြီးခဲ့တဲ့ရာသီကထက် အသင်းကို ပိုမိုတောင့်တင်းလာအောင် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားပါတယ်။ ယခုရာသီမှာ ကစားသမားကောင်းတွေ အရခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ၂၈ နှစ်ကြာ စောင့်ဆိုင်းနေရတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်လိမ့်မယ်လို့ လူအများက ခန့်မှန်းနေကြတာဖြစ်ပါတယ်။
ချယ်ဆီးအသင်းကနေ ထွက်ခွာခဲ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဒီဘရိုင်း
ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ သေသပ်ကောင်းမွန်တဲ့ ကစားကွက်နဲ့ ဝက်စ်ဟမ်းအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ လီဗာပူးအသင်းရဲ့ မျှော်မှန်းချက်တွေဟာ ပိုမိုလေးနက်လာခဲ့ပေမယ့် ဂျိမ်းစ်မီနာက လီဗာပူးအသင်းသားတွေအနေနဲ့ အလွန်အကျွံ စိတ်လှုပ်ရှားနေခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
Photos: Sportbible
ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အစတစ်ခုဖြစ်ခဲ့တာလားလို့ ဂျိမ်းစ်မီလ်နာကို မေးမြန်းခဲ့တဲ့အခါမှာတော့ အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
"အဲဒါ တကယ်ဖြစ်လာမယ်ဆိုပြီး တခြားလူတွေ ပြောကြတဲ့ကိစ္စပဲလေ"
"ခင်ဗျားတို့ မီဒီယာတွေမှာ အဲဒီကိစ္စကို ဆွေးနွေးနေကြတယ်လေ"
"ကျွန်တော်တို့အတွက်ကတော့ ရာသီကို ကောင်းမွန်စွာနဲ့ စတင်ချင်တယ်။ ပြီးတော့ အသင်းရဲ့လူစာရင်းကို တိုးတက်လာစေချင်တယ်"
"ကျွန်တော်တို့ အကုန်လုံးကို အနိုင်ယူနိုင်တယ်လို့ ခံစားနေရပြီး အဲဒါကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက မျှော်မှန်းထားတာနဲ့ ဖြစ်လာတာက ထပ်တူကျနေတာလောက်ပဲရှိပါသေးတယ်"
"အမှတ်ပေးဖလားကို ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ၃၈ ပွဲစလုံး အရမ်းကွာဟသွားတာမျိုးမရှိဘဲ ကစားနိုင်မှဖြစ်မှာပါ"
"ကျွန်တော်တို့ တခြားလူတွေကို ဖလားနဲ့ပတ်သက်ပြီး စိန်ခေါ်တာတွေကို ပြောခွင့်ပေးထားပါတယ်။ အဲဒါက ကျွန်တော်တို့ကို ပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်စေပြီး ရနိုင်သမျှ အမှတ်များများ ရစေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။