တနင်္ဂနွေမှာပွဲကစားရတဲ့အတွက် ဘိုင်ယန်ကွင်းမှာလေ့ကျင့်ချိန်မရတော့ပါဘူး။
Ye Yint Htay

လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ကစားရဖို့ရှိနေပေမယ့်လည်း ဘန်လေနဲ့ပွဲကို တနင်္ဂနွေမှာကစားဖို့ရေးဆွဲထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားကို နားမလည်နိုင်အောင်ဖြစ်နေတယ်လို့  Daily Mail ကဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနေ့ညမှာ ဘန်လေအသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းမှာကစားရဖို့ရှိနေပါတယ်။ ဒီပွဲစဉ်အပြီးမှာတော့ ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့အဝေးကွင်းသွားရောက်ကစားဖို့ရှိနေပါတယ်။ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ရှိနေပေမယ့်လည်း အသင်းပွဲစဉ်ကို တနင်္ဂနွေနေ့မှာကစားရတဲ့အတွက် ပြင်ဆင်ချိန်နီးကပ်လွန်းနေလို့ စိတ်ပျက်ရတယ်လို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ဝေဖန်ခဲ့ပါတယ်။



လီဗာပူးလ်အသင်းနဲ့ချန်ပီယံလိဂ်မှာရင်ဆိုင်ရမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ စနေနေ့ညက ဘွန်ဒက်စ်လီဂါပွဲကစားထားရတဲ့အတွက် တစ်ရက်ကြိုပြီးအနားရထားပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ပွဲစဉ်ဇယားကြောင့် မူလစီစဉ်ထားတဲ့ခရီးစဉ်ကိုဖျက်သိမ်းခဲ့ရပြီး ဂျာမနီကို တစ်ရက်နောက်ဆုတ်ပြီးသွားရတော့မှာပါ။

“ဒီခြေအနေကို ပရီးမီးယားလိဂ်ကော်မတီအနေနဲ့စိတ်ဝင်စားသလားဆိုတာတော့ကျွန်တော်မသိပါဘူး။ အခုတော့ တကယ့်ကိုခက်ခဲတဲ့အခြေအနေနဲ့ကြုံနေရတာပါ။ တကယ်လို့ကျွန်တော်တို့မှာသာ သုံးရက်ရှိမယ်ဆိုရင် တနင်္ဂနွေမနက်မှာအားဖြည့်မယ်။ တနင်္လာမှာ အပေါ့စားလေ့ကျင့်မယ်။ အင်္ဂါမှာ ပွဲအတွက်ပြင်ဆင်မယ်။ ဗုဒ္ဓဟူးမှာ ပွဲကစားမယ်။ အခုတော့ ပွဲစဉ်ဇယားကြောင့် အတော်လေးကိုခက်ခဲသွားပါပြီ။”လို့ ကလော့ပ်ကပြောခဲ့ကြောင်း Daily Mail ကဖော်ပြထားပါတယ်။

လီဗာပူးလ်အသင်းဟာ ဘန်လေနဲ့တနင်္ဂနွေမှာကစားရမှာဖြစ်လို့ တစ်ရက်နောက်ဆုတ်ခရီးသွားရမှာဖြစ်တဲ့အတွက် ဘိုင်ယန်အိမ်ကွင်း အလိုင်းယန့်အရီနာမှာ လေ့ကျင့်ခွင့်လည်းရတော့မှာ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ကစားခဲ့ရစဉ်က ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယအကျော့မှာ သရေကျခဲ့မယ်ဆိုရင်တောင် အဝေးဂိုးသွင်းယူနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ဖို့မျှော်လင့်နိုင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က