“ ဒီအတွက်တော့ အကြောင်းပြချက် မရှိပါဘူး။"
Kyaw Ko Ko Sint

၂၀၁၇မှာ အသင်းကနေ ဆာခိုထွက်သွားတဲ့ နောက်ပိုင်း အသင်းကြီးလူစာရင်းမှာ ပြင်သစ်သား ကစားသမား မရှိတော့တာပါ။

လီဗာပူးအသင်းအနေနဲ့ ပြင်သစ် ကစားသမားတွေကို ခေါ်ယူနိုင်ခြင်းမရှိတဲ့ အကြောင်းကို နည်းပြချုပ် ကလော့ပ် က အခုလို ထုတ်ဖော်ပြောလာခဲ့ပါတယ်။



Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းအနေနဲ့ ကမ္ဘာ့ကလပ်ဖလားကို ချန်ပီယံ ဖြစ်ခဲ့သည့် တိုင် အသင်းရဲ့ ပထမ ဦးစားပေးအသင်းမှာ ပြင်သစ်သားကစားသမား လုံးဝ ရှိမနေတာပဲ ဖြစ်ပါတယ်။

၂၀၁၇ ဩဂုတ်တုန်းက အသင်းမှာရှိတဲ့ ပြင်သစ်သား ဆာခိုအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပြီးနောက် အသင်းမှာ ပြင်သစ်သား မရှိတော့တာပါ။

“ ဒီအတွက်တော့ အကြောင်းပြချက် မရှိပါဘူး။ လက်ရှိ ပြင်သစ် ထိပ်တန်း ကစားသမားတွေကို ကြည့်မယ်ဆိုရင် ဘတ်ပေနဲ့ ဂရုဇ်မန်းတို့ရှိပါတယ်။သူတို့ကကလပ်နဲ့ နိုင်ငံအသင်းအတွက် ဘယ်လောက် အကျိုးပြုနေတယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ပါတယ်။ကျွန်တော်လည်း ကြိုက်ပါတယ်၊ ဒါပေမယ့် သူတို့တွေက အရမ်းစျေးကြီးတယ် လေ။” လို့ ကလော့ပ်က Canal Football Clubကို ပြောခဲ့တာပါ။

လက်ရှိမှာတော့ လာမယ့် ဇန်နဝါရီ‌ စျေးကွက်အတွက် ကစားသမားတစ်ဦးကိုတော့ လီဗာပူးအသင်းက ဝယ်ယူထားနိုင်ပြီ ဖြစ်ပြီး ဒီကစားသမားကတော့ ဆဲလ်ဘတ်အသင်းက ဂျပန်လက်ရွေးစင်တိုက်စစ်မှူး တာကူမီ မီနာမီနို ဖြစ်ပါတယ်။


Author


က္က