သြဂုတ်လ ၃ ရက်နေ့ ကစားပါမယ်။
Kyaw Ko Ko Sint

ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ အင်္ဂလန်နိုင်ငံရဲ့ ဝင်ဘလေကွင်းကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အကြိတ်အနယ် ကစားခဲ့ကြတဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပြိုင်ဆိုင်မှုက မပြီးသေးပဲ လာမယ့် ရာသီအစမှာ ကစားရမယ့် ကွန်မြူနတီဒိုင်းလုပွဲကြီးမှာ ထပ်မံ ပြိုင်ဆိုင်ရပါဦးမယ်။ မန်စီးတီးအသင်းအနေနဲ့ ဒီနှစ်မှာ ပြည်တွင်းဖလား ၃ လုံးစလုံး ရယူနိုင်ခဲ့တာကြောင့် လိဂ်အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာ ရပ်တည်နေတဲ့ လီဗာပူးအသင်းက ကွန်မြူနတီဒိုင်း ကစားရမှာလည်း ဖြစ်ပါတယ်။



ပုံမှန်အတိုင်းဆိုပါက ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတု့ိ ကစားကြရတာဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဝက်ဖို့ဒ်အသင်းက မန်စီးတီးကို နိုင်ခဲ့ပါက မန်စီးတီးနဲ့ ဝက်ဖို့ဒ် ကစားရမှာပါ။ မန်စီးတီးအသင်းကတော့ ကွန်မြူနတီဒိုင်းကို ၂၀၁၈ တုန်းကချဲလ်ဆီးကို ၂-ဝနဲ့နိုင်ပြီး တစ်ကြိမ်ရယူထားနိုင်ပါတယ်။

လီဗာပူးအသင်းအတွက်ကတော့ ၂၀၀၆ တုန်းက ချဲလ်ဆီးကို ၂-၁ နဲ့နိုင်ပြီး ကားလင်းချန်ပီယံ ဖြစ်ကတည်းက ပထမဆုံးအကြိမ် ပြည်တွင်းဖလား ဗိုလ်လုပွဲစဉ်တစ်ပွဲကို ပြန်လည် ကစားခွင့်ကြုံလာခဲ့တာလည်း ဖြစ်ပါတယ်။


Author


က္က