နောက်ထပ်တဆင့်ကို တက်လှမ်းလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
Kg Htet

တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ဟာ ယခုနွေရာသီမှာ အသစ်တွေကို စမ်းသပ်ကြည့်ဖို့အတွက် အသင်းကနေ ထွက်ခွာလိုကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း Daily Mail ရဲ့သတင်းအရ သိရပါတယ်။

အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ရာသီ ကုန်ဆုံးဖို့ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့က လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အနာဂတ်နဲ့ပတ်သက်ပြီး အဖြေပေးလိုက်တာဖြစ်ပါတယ်။



အဲရစ်ဆင်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး စပါးအသင်းက ကမ်းလှမ်းတဲ့ စာချုပ်သစ်ကို သဘောတူညီမှု မပေးသေးသူဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ စပါးအသင်းအတွက် ၆ ရာသီကြာ ကစားပေးပြီးနောက် အသင်းကနေ ထွက်ခွာဖို့ အချိန်ကျလာပြီလို့ ခံစားနေရတာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အသစ်တစ်စုံတရာကို စမ်းသပ်ကြည့််ရမယ့်အချိန်ကို ရောက်နေပြီလို့ ထင်ပါတယ်”

“ကျွန်တော် စပါးမှာဖြစ်ပျက်နေတဲ့ အရာအားလုံးအတွက် အထိန်းအကွပ်မရှိဆုံး၊ အနက်ရှိုင်းဆုံးလေးစားမှု ရရှိခဲ့ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မကောင်းတဲ့ဘက်ကဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ပြောသလိုပဲ အသစ်တွေကို စမ်းသပ်ချင်နေပါတယ်”

ရီးရဲမက်ဒရစ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကို ယခုနွေရာသီ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့တစ်စိတ်တပိုင်းအဖြစ် ခေါ်ယူလိုနေပြီး မန်ချက်စတာယူနိုက်တက်ကလည်း အဲရစ်ဆင်ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အဲရစ်ဆင်က ယခုနွေရာသီမှာ အသင်းကနေ ပိုမိုထွက်ခွာလိုနေတာဟာ ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကို သိရှိနေတာကြောင့်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

“နွေရာသီအတောအတွင်းမှာ အားလုံးရှင်းလင်းသွားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက အစီအစဉ်ပါ။ ဘောလုံးမှာက ခင်ဗျား ဘယ်အချိန်မှာ ရှင်းလင်းမလဲဆိုတာ မသိနိုင်ပါဘူး။ အချိန်မရွေးဖြစ်ပျက်နိုင်ပါတယ်။ တကယ်လို့ တတ်နိုင်သမျှ ဖြစ်ပျက်မယ်ဆိုရင် အားလုံးက အကောင်းဆုံးဖြစ်ချင်မှာပါ။ ဒါပေမယ့် ဘောလုံးမှာက အချိန်နည်းနည်းယူရပါမယ်”

“အဲဒါက လီဗိုင်းအပေါ်မှာ မူတည်ပါတယ်။ ပြီးတော့ နောက်ထပ်အသင်းတွေလည်း လာဦးမှာပါ”

“တော့တင်ဟမ် သဘောမကျနိုင်တဲ့ အချက်တွေအများကြီးမရှိပါဘူး။ တကယ်လို့ ကျွန်တော် သွားရမယ်ဆိုရင် နောက်တဆင့်ကို တက်လှမ်းတာပဲဖြစ်ဖို့ မျှော်လင့်မိပါတယ်။ နောက်ထပ်တစ်ဆင့်ပါ”

“ဒါပေမယ့် အဲဒါကလည်း ရီးရဲမက်ဒရစ်က တော့တင်ဟမ်ကို ဖုန်းခေါ်ပြီး အဲရစ်ဆင်ကို သူတို့လိုချင်တယ်ဆိုပြီး ပြောဖို့လိုပါတယ်။ ကျွန်တော်သိရသလောက်ကတော့ သူတို့အဲဒီလိုမလုပ်ရသေးပါဘူး”လို့ ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က