ပီဂျာနစ်ကို အလိုက်ပေးသွားမှာပါ။
Kyaw Ko Ko Sint

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပီဂျာနစ်ကို အလိုက်ပေးပြီး ခေါ်ယူဖို့ အဆင်သင့်ရှိနေတယ်လို့ Mirror ရဲ့သတင်းတစ်ရပ်အရ သိရပါတယ်။

skysports-paul-pogba-manchester-united_4254765.jpg

Photos: Sportskeeda

ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကို ဆွဲဆောင်နိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ မကြာသေးမီကမှ အသင်းရဲ့တာဝန်ရှိသူတစ်ဦးကို နည်းပြမော်ရင်ဟိုနဲ့ အေးစက်တဲ့ဆက်ဆံရေးကြောင့် အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုကို ဖုန်းခေါ်ပြီး အိုးထရက်ဖို့ဒ်ကို မလာနိုင်ဘူးလို့ ငြင်းခဲ့တာ ဘယ်သူလဲ 

ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရ ပေါ့ဂ်ဘာဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိခဲ့ပြီး ဂျူဗင်တပ်အသင်းနဲ့ပြန်လည်ပူးပေါင်းရမယ့်အခွင့်အရေးကလည်း ပေါ့ဂ်ဘာကို အတော်လေးဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာ နည်းပြမော်ရင်ဟိုရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး မော်ရင်ဟိုက မီဒီယာတွေကို မိမိတို့ကြားက ဆက်ဆံရေးဟာ ကောင်းမွန်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

Photos: Sportskeeda

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရန်ခုံမှာ ပစ်ပယ်ခံထားရပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းအတွက် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ပေါ့ဂ်ဘာကို ဂျူဗင်တပ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်တစား ကမ်းလှမ်းလာခဲ့ကြတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကြားသိရတဲ့သတင်းတွေအရ ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်တဲ့ မိုင်နိုရွိုင်အိုလာဟာ မန်ယူအသင်းရဲ့ ဒုဥက္ကဌဖြစ်တဲ့ အက်ဒ်ဝုဒ်ဝဒ်နဲ့ ဆွေးနွေးခဲ့ရာမှာ မအောင်မမြင်ဖြစ်ခဲ့ပြီး မန်ယူအသင်းက ပေါ့ဂ်ဘာကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင် အားလုံးအတွက် အံ့အားသင့်စရာအပြောင်းအရွှေ့ဖြစ်လာမှာဖြစ်ပါတယ်။


Author


က္က