လူစာရင်းမှာ ညီမျှမှုရှိအောင်ချန်လှပ်ခဲ့တာပါ။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး လာကာဇက်ဟာ ရုရှားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်း ပဏာမကစားသမားစာရင်းမှာ ချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြ ဒက်စ်ချမ့်ဟာ လာကာဇက်ကို ဘာကြောင့် လူစာရင်းမှာ ချန်လှပ်ခဲ့ရတယ်ဆိုတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


Alexandre-Lacazette-735026.jpg 

လိုင်ယွန်အသင်းကနေ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ လာကာဇက်ဟာ အာဆင်နယ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ အထင်ကြီးလေးစားလောက်ဖွယ် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ယခုရာသီမှာတော့ လာကာဇက်ဟာ ၎င်းရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီး အာဆင်နယ်အသင်းအတွက် ၅ ဂိုးသွင်းယူပေးထားပြီးဖြစ်ပါတယ်။

ဂျူဗင်တပ်ကို ပြန်သွားလို့မရတာ သေချာသွားပြီဖြစ်တဲ့ ပေါ့ဂ်ဘာ 

လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီဖြစ်တဲ့ လာကာဇက်ကို ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိလိမ့်မယ်လို့ အများစုက ခန့်မှန်းနေကြပြီး ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်ကတော့ ၎င်းမှာ နောက်ထပ်အကြံတစ်ခုရှိနေသေးပြီး လာကာဇက်အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်း ဆက်လက်ပြသဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

လာကာဇက်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ဂျာမနီ၊ နယ်သာလန်အသင်းတို့ရဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာ နည်းပြဒက်စ်ချမ့်အနေနဲ့ ၎င်းကို အသင်းရဲ့လူစာရင်းမှာ ပါဝင်ခွင့်ပေးဖို့အတွက် ဆုံးဖြတ်ချက်ချသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်က အသင်းလူစာရင်းကနေ လာကာဇက်ကို ချန်လှပ်ခဲ့ရတဲ့နောက်ကွယ်က အကြောင်းအရင်းကို ခုလိုပဲ ပြောပြခဲ့ပါတယ်။

"နေရာတစ်ခုချင်းစီအတွက် ယှဉ်ပြိုင်မှုတွေ ရှိနေပါတယ်"

"ကစားသမားတစ်ယောက်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်တဲ့အခါမှာ ဘယ်လိုပုံစံရှိတဲ့ ကစားသမားမျိုးလဲလို့ မေးခွန်းထုတ်ရမှာမဟုတ်ပါဘူး။ ဘယ်နေရာမှာကစားတဲ့ကစားသမားလဲလို့ မေးခွန်းထုတ်ရမှာပါ"

"ကျွန်တော့်အသင်းရဲ့လူစာရင်းဟာ ဘက်ညီနေဖို့ လိုအပ်ပါတယ်။ သူက အထောင်တိုက်စစ်ကစားသမားပါ"

"သူ ဆက်ပြီး ပုံစံကောင်း ပြသရဦးမှာပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က