ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ပီဂျာနစ်ဟာ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ကစားသမားဘဝ အဆင့်ဆင့်ဖြစ်ပျက်လာမှုတွေကို ဆွေးနွေးခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမားရဲ့အရည်အသွေးကို ချီးကျူးခဲ့ပါတယ်။

ပီဂျာနစ်က အသင်းဖော် ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို ချီးကျူးခဲ့ပြီး ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကစားသမား ပေါလ်စခိုးဆီကနေ အရာအားလုံးကို ရိုးရှင်းစွာထိန်းသိမ်းနည်းကို လေ့လာသင်ယူခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး
ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်သလို ဘလွန်းဒီအော် ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ ၂၀၁၆ ယူရိုဖလားအပါအဝင် ဆုဖလားပေါင်း ၂၆ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ တစ်သက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီကမှ ဂျူဗင်တပ်အသင်းကို ယူရို ၁၁၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ပီဂျာနစ်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့တဲ့ ရော်နယ်ဒိုအပေါ်မှာ ပေါလ်စခိုးက ကြီးမားတဲ့သက်ရောက်မှုရှိခဲ့သူအဖြစ် ဖော်ပြခဲ့ပါတယ်။
"မန်ယူအသင်းမှာ ရော်နယ်ဒိုရှိနေတုန်းကအချိန်တွေကို ခင်ဗျား ပြန်ကြည့်လိုက်မယ်ဆိုရင် အဲဒီမှာပဲ ရော်နယ်ဒိုဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ပြိုင်ပွဲတွေဟာ ပြောင်းလဲသွားခဲ့တယ်ဆိုတာ ခင်ဗျား မြင်နိုင်ပါတယ်။ သူ့ရဲ့ ပြိုင်ပွဲတွေက ပိုပိုပြီး သိပ်သည်းခိုင်မာလာပါတယ်"
"ကျွန်တော် ရော်နယ်ဒိုနဲ့ ပေါလ်စခိုးအကြောင်းပြောတာ တော်တော်များများ ဖတ်ခဲ့ဖူးတယ်။ ပြီးတော့ သူဘယ်လိုလေ့ကျင့်ခဲ့လဲဆိုတာရောပေါ့။ လူတိုင်းက ပေါလ်စခိုးအကြောင်းပြောတဲ့နေရာမှာ သူက အရမ်းကိုထူးခြားတဲ့သူလို့ ပြောကြတယ်။ အဲဒါက သူ အပြင်ထွက်ပြီး ပေါက်တတ်ကရတွေ လျှောက်မလုပ်ခဲ့တာကြောင့် မဟုတ်ပါဘူး"
"အရာအားလုံးကို ရိုးရှင်းစွာထိန်းသိမ်းရင်းနဲ့ပဲ သူ့ကိုယ်သူ ထူးခြားအောင် လုပ်နိုင်ခဲ့တာပါ။ ရော်နယ်ဒိုက အဲဒါကို သူ့လိုကစားသမားမျိုးဆီကနေ သင်ယူခဲ့တာလို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။