အပိုင်ဂိုးကို ကာကွယ်ခဲ့တာပါ။
Pyae Phyo Thein

ရော်နယ်ဒိုကို ဂိုးပေါက်နဲ့ အနီးတဝိုက်မှာ သူ့ကို ကန်သွင်းခွင့်ပေးလိုက်ရင် ဂိုးပေးလိုက်ရဖို့ ရာခိုင်နှုန်းတော်တော်များတဲ့ ကစားသမား တစ်ယောက်ပါ။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် (၇) ကစားသမားဟောင်းဟာ ဒီလိုကစားသမားမျိုးဖြစ်တယ်ဆိုတာကို ကြိမ်ဖန်များစွာ သက်သေပြပြီးခဲ့လည်း ဖြစ်ပါတယ်။



Photo : Manchester United Facebook Page

[No available link text] 

ဒါပေမယ့် မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းရဲ့ ဂိုးဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဂိုးကန်သွင်းခဲ့မှုမှာတော့ ရော်နယ်ဒိုအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ပြင်းထန်အားပါတဲ့ သူ့ရဲ့ ကန်သွင်းချက်ကို မန်ယူဂိုးသမား ဒီဂီယာက မယုံကြည်ဖွယ်ရာ ကာကွယ်သွားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ရော်နယ်ဒိုကို ဂိုးရသွားဖို့ ခွင့်မပြုခဲ့ပါဘူး။

Photo : Manchester United Facebook Page

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းယူမှုကို ခံခဲ့ရတဲ့ ဒီဂီယာဟာ ညကပွဲမှာတော့ သူ့ရဲ့ နာမည်ကျော် ကာကွယ်နိုင်မှုစွမ်းရည်ကို ပြသသွားခဲ့ပါတယ်။ လျှပ်တပြက်အချိန်အတွင်းမှာပဲ ဒီဂီယာက ရော်နယ်ဒိုရဲ့ သေချာပေါက် ဝင်နိုင်တဲ့ ဘောလုံးကို အံ့အားသင့်ဖွယ် ကာကွယ်ပြသွားတာ ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ပရိသတ်မေတ္တာကို သိမ်းကျုံးယူသွားခဲ့ပြန်တဲ့ ရော်နယ်ဒို 

သူ့ရဲ့ ကန်သွင်းမှုကို ဒီဂီယာ ကာကွယ်အပြီးမှာ ရော်နယ်ဒို ကိုယ်တိုင်လည်း စိတ်ပျက်သွားခဲ့တဲ့ အမူအရာ ဖြစ်ခဲ့ပါတယ်။ ဒီဂီယာရဲ့ စွမ်းဆောင်ရည်ကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး အံအားသင့်ဖွယ် ဂိုးသမားလို့ ချီးမွမ်းခဲ့ကြပါတယ်။ အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းဖို့ မျှော်လင့်ခဲ့တဲ့ ရော်နယ်ဒိုအတွက် ပွဲချိန်အတွင်း စိတ်ပျက်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo : Sportbible

 

ပွဲအပြီးမှာ ဂျူဗင်တပ်စ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ အသင်းဟောင်းကို ဂိုးမသွင်းနိုင်ခဲ့ပဲ အိုးထရက်ဖို့ဒ်ကနေ ပြန်သွားခဲ့ပါပြီ။ အသင်းနဲ့အတူ ရော်နယ်ဒိုက နိုင်ပွဲရခဲ့ပေမယ့် သူ့ကို ဂိုးကန်သွင်းခွင့်တော့ ဒီဂီယာက ခွင့်မပြုခဲ့တဲ့ ညတစ်ည ဖြစ်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က