ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြလော့ပတယ်ဂီရဲ့နေရာမှာအစားထိုးဖို့အတွက် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုနဲ့ ဆွေးနွေးလိုနေပြီး စပါးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေး ပေါင်သန်း ၄၀ ကို ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ပြီးခဲ့တဲ့နွေရာသီက နည်းပြရာထူးကနေ ရုတ်တရက်နှုတ်ထွက်သွားခဲ့တဲ့ ဇီဒန်းရဲ့နေရာမှာ အစားထိုးဖို့ ရီးရဲမက်ဒရစ်အသင်းရဲ့ပထမဦးစားပေးဖြစ်ခဲ့ပေမယ့် ပေါ့ချက်တီနိုက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မပြီးပြတ်သေးတဲ့အလုပ်တွေရှိနေသေးတယ်လို့ ငြင်းပယ်ခဲ့ပြီး ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဦးလှမောင်အတွက် နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့်
ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ လော့ပတယ်ဂီဟာ ပထမဆုံးရာသီအစမှာပဲ ရလဒ်ဆိုးတွေကြောင့် ဖိအားဒဏ်ခံစားနေရပြီး ရီးရဲမက်ဒရစ်အသင်းဟာ ၉ ပွဲကစားပြီးချိန်မှာ ၃ ပွဲရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၇ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ပေါ့ချက်တီနိုနဲ့ နောက်ထပ်တစ်ကြိမ် စကားပြောချင်နေပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ မှေးမှိန်တဲ့မျှော်လင့်ချက်က ပေါ့ချက်တီနို ဘာနေဗျူးကို ရောက်ရှိလာဖို့ ဆွဲဆောင်နိုင်မယ်လို့ ရီးရဲမက်ဒရစ်အသင်းက ယုံကြည်နေတာဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ချယ်ဆီးအသင်းရဲ့နည်းပြဟောင်း အန်တိုနီယိုကွန်တီကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ကွန်တီရဲ့ညီက ယင်းနေ့မှာပဲ ထွက်ပေါ်နေတဲ့သတင်းတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ပေါ့ချက်တီနိုဟာ အက်စပန်ညိုအသင်းကို ကိုင်တွယ်ခဲ့ချိန်က ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ခဲ့သလို စပါးအသင်းကနေ အခြားပရီးမီးယားလိဂ်အသင်းကို တိုက်ရိုက်ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ငြင်းပယ်ထားပါတယ်။