မန်စီးတီး၊ရိုးမားအသင်းတို့ကိုလည်း နည်းပြဖူးတဲ့ ဝါရင့် နည်းပြတစ်ဦး ဖြစ်ပါတယ်။
Kyaw Ko Ko Sint

အဲရစ်ဆင်က ၂၀၀၁ ကနေ ၂၀၀၆ အထိ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သလို မက္ကဆီကို၊အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းတွေကို လည်း ကိုင်တွယ်ဖူးပါတယ်။



Photo - TEAMtalk

 

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် နည်းပြဟောင်း အဲရစ်ဆင်ကို အာဆီယံ ဒေသတွင်းက ဖိလစ်ပိုင်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီလို့ သိရပါတယ်။

အသက် (၂၇)နှစ်နဲ့ အင်တာမီလန်ရဲ့ ဥက္ကဌဖြစ်လာတဲ့ တရုတ်လူမျိုး ဇန် 

လာမယ့်အပတ်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကိုရောက်ရှိလာတော့မှာ ဖြစ်ပြီး လာမယ့် နိုဝင်ဘာမှာ ကစားမယ့် ဆူဇူကီးအမီ ဖိလစ်ပိုင် လက်ရွေး စင်အသင်းကို တာဝန်ယူကိုင်တွယ်မှာလို့ သိရပါတယ်။

Photo - Daily Mail

 

"တစ်ကယ့်ကို နည်းပြကောင်းတွေထဲက တစ်ဦးပါပဲ၊အဲရစ်ဆင်က ဖိလစ်ပိုင်အသင်းကို လာမယ့် ဆူဇူကီးပြိုင်ပွဲရော အာရှဖလားပြိုင်ပွဲရော နည်း ပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ပေးသွားမှာပါလို့ ဖိလစ်ပိုင်လက်ရွေးစင်အသင်းရဲ့ မန်နေဂျာ ဒန်ပါလာမီက ဖိလစ်ပိုင်ကိုရောက်နေတဲ့ ဆူဇူကီး ဖလား ပြပွဲအခမ်းအနားမှာ မီဒီယာကိုပြောခဲ့ပါတယ်။

အဲရစ်ဆင်ကတော့ ဖိလစ်ပိုင်အသင်းကို နည်းပြခဲ့တဲ့ တယ်ရီဘတ်ချာရဲ့နေရာမှာ အစားထိုး တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပြီး ဒီမတိုင်ခင်မှာ လည်း အီရတ်နဲ့ ကင်မရွန်း လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပေးရေး ဆက်သွယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

 

လက်ရှိမှာ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်က အသင်းလက်မဲ့ဖြစ်နေပြီး နောက်ဆုံး တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အသင်းကတော့ တရုတ်လိဂ်(၂) က ရှင်ဇင်းအက်ဖ်စီအသင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လတုန်းက အနားယူထားပါတယ်။

အဲရစ်ဆင်ကတော့ နည်းပြဘဝမှာ အင်္ဂလန်လက်ရွေးစင်အသင်းသာမက ဥရောပရဲ့ ထိပ်တန်း ကလပ်အသင်းအတော်များများကိုပါ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးပြီး မန်စီးတီး၊ရိုးမား၊ဆမ်ဒိုးရီးယား၊လာဇီယို၊လက်စတာ၊ဖီအိုရင်တီးနား စတဲ့ ဥရောပထိပ်တန်း ကလပ်အသင်းတွေအပြင် မက္ကဆီ ကိုနဲ့ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းတွေကိုပါ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ဖူးပါတယ်။

Photo - Irish Mirror

 

အင်္ဂလန်အသင်းနဲ့ဆိုရင်လည်း ၂၀၀၁ ကနေ ၂၀၀၆ အထိ တာဝန်ယူဖူးပြီး ယူရိုပြိုင်ပွဲ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဆင်နွှဲခဲ့ဖူးတဲ့ အတွေ့ အကြုံရင့် နည်းပြတစ်ဦး ဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းကတော့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ထိုင်း၊အင်ဒိုနီးရှားစင်ကာပူ၊အရှေ့တီမောတို့နဲ့တစ်အုပ်စုတည်းကျရောက်နေပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ အာရှဖလားပြိုင်ပွဲကို ဆက်လက်ကစားမှာ ဖြစ်ပါတယ်။


Author


က္က