ရော်နယ်ဒိုဟာ အမ်ပိုလီကိုသွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် စီးရီးအေ ၁၀ပွဲမှာ ၇ဂိုးအထိရရှိခဲ့ပါတယ်။
Wai Lin Kyaw

စီးရီးအေပွဲစဉ်(၁၀)မှာ ဂျုဗင်တပ်ဟာ အမ်ပိုလီနဲ့အဝေးကွင်းပွဲကစားခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုးရှုံးနေပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်ရပြီး နိုင်ပွဲဆက်စံချိန်ထိန်းနိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းကို အရှုံးကနေအနိုင်ပြန်ဖြစ်အောင် ကယ်တင်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကတော့ ခရစ္စတီယာနိုရော်နယ်ဒိုပါ။



44885660_2509025825791298_7376921444040572928_n.jpg

Photo: Juventus FC

 

စီးရီးအေမှာ နိုင်ပွဲဆက်စံချိန်ရထားတဲ့ ဂျုဗင်တပ်အသင်းကတော့ ပွဲစဉ်(၇)အပြီးအထိ စံချိန်ကို ဆက်ထိန်းထားနိုင်ဆဲပါ။ ဂျုဗင်တပ်ဟာ ပွဲစဉ်(၁၀)မှာ အမ်ပိုလီကို အဝေးကွင်းမှာရင်ဆိုင်ခဲ့ရပြီး ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ပထမပိုင်းပွဲချိန် ၂၈မိနစ်မှာ ကာပူတိုရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဘိုနုချီရဲ့လက်ထိဘောကိုလည်း ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး ပင်နယ်တီမသတ်မှတ်ပေးခဲ့လို့ သက်သာခဲ့ရပါသေးတယ်။ ပထမပိုင်းအပြီးမှာတော့ အိမ်ရှင် အမ်ပိုလီအသင်းက ၁-ဝဂိုးနဲ့ဦးဆောင်နေခဲ့ပါတယ်။

အသက် (၂၇)နှစ်နဲ့ အင်တာမီလန်ရဲ့ ဥက္ကဌဖြစ်လာတဲ့ တရုတ်လူမျိုး ဇန် 

Photo: Juventus FC

 

ဒုတိယပိုင်းမှာတော့ ဂျုဗင်တပ်အသင်းကစားပုံနည်းနည်းငြိမ်လာပြီး တိုက်စစ်ကစားပုံပိုကောင်းလာပါတယ်။ ချေပဂိုးကိုတော့ ၅၄မိနစ်မှာ ဒီဘာလာကြောင့်ရတဲ့ ပင်နယ်တီကို ရော်နယ်ဒိုက ကန်သွင်းပြီး ရယူခဲ့ပါတယ်။ အနိုင်ဂိုးကိုလည်း ရော်နယ်ဒိုကပဲ သွင်းယူပေးခဲ့တာပါ။ ပွဲချိန် မိနစ် ၇၀မှာ ဂိုးဧရိယာထိပ်ကနေ လှလှပပကန်သွင်းရယူခဲ့တာပါ။ နောက်ပိုင်းမှာတော့ နှစ်သင်းစလုံးဂိုးထပ်မသွင်းနိုင်တော့ပဲ ဧည့်သည် ဂျုဗင်တပ်က အိမ်ရှင်အသင်းကို ၂-၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

Photo: Juventus FC

 

ဂျုဗင်တပ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ရမှတ် ၂၈မှတ်နဲ့အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ၁၀ပွဲဆက်အနိုင်စံချိန်လည်း ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အမ်ပိုလီကိုသွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် စီးရီးအေ ၁၀ပွဲမှာ ၇ဂိုးအထိရရှိခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုဟာ ဂျုဗင်တပ်အသင်းရဲ့ပွဲစဉ်တိုင်းမှာ သွင်းဂိုးတွေနဲ့ပတ်သက်ခဲ့တဲ့စံချိန်ရခဲ့ပြီး ၁၀ပွဲမှာ ၇ဂိုးသွင်း၊ ၃ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က