အကုန်လုံးပင်ပန်းနေပေမယ့် ရော်နယ်ဒိုက မပင်ပန်းပါဘူး။
Kyaw Ko Ko Sint

ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်ကစားသမား မတွီဒီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲအပြီးတုန်းက မယုံနိုင်ဖွယ် အဖြစ်အပျက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုက ပွဲချိန်ပြည့်အကောင်းဆုံးပုံစံနဲ့ ကစားပေးခဲ့တာဖြစ်ပါတယ်။



80253b07aeaf6b9f714f0fb9944defa8cafb577c.jpg

Photos: Daily Mail

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နောက်ဆုံးစီးရီးအေ ၇ ပွဲမှာ ၇ ဂိုးသွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

မတွီဒီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းသားတွေအားလုံး ခြေကုန်လက်ပမ်းကျနေကြပေမယ့် ခရစ်စတီယာနိုရော်နယ်ဒိုကတော့ မောပန်းနွမ်းနယ်နေတဲ့ပုံစံမျိုးမရှိခဲ့ဘူးလို့ RMC Sport ကို ပြောကြားခဲ့ပါတယ်။

Photos: Daily Express

 

"ရော်နယ်ဒိုကလွဲပြီး ကျွန်တော်တို့အားလုံး မန်ချက်စတာယူနိုက်တက်နဲ့ပွဲအပြီးရယ်၊ နောက်တစ်နေ့လောက်အထိ သေလောက်အောင် ပင်ပန်းနေခဲ့ကြတာ"

"သူ ဒီမှာ စရောက်တဲ့အချိန်ကတည်းက အလုပ်ကို အရူးတစ်ယောက်လိုမျိုး လုပ်နေခဲ့ပါတယ်။ သူ အဲဒီလိုမျိုး သူများတွေထက် ပိုပြီးလုပ်ခဲ့ပြီး ကျွန်တော့်ကို ပြောခဲ့တာက သူ အဲဒီလိုမျိုး ပြုမူမှ ရမယ်တဲ့"

"ဒါကြောင့်လည်း အသက် ၃၃ နှစ်ဖြစ်နေပေမယ့် ကျွန်တော်တို့အားလုံးအတွက် စံနမူနာဖြစ်နေပြီး နောက်ထပ်အပိုလှုံ့ဆော်မှုတွေ ပေးနေနိုင်တာပါ။ တစ်ပတ်လုံးမှာ သူ့ရဲ့လွှမ်းမိုးနိုင်မှုက သူ့ရဲ့အလုပ်ကို အကန့်အသတ်မလုပ်နိုင်ပါဘူး"

"မိနစ် ၉၀ ကျော်အထိ သူကလည်း အရေးပါခဲ့ပါတယ်။ အသင်းရဲ့ပွဲစဉ်ကို တိုးတက်အောင် တခြားလူတွေမကူညီနိုင်ပေမယ့် အဲဒီအရာကို သူ လုပ်နိုင်ပါတယ်"

"သူနဲ့အတူရှိနေရင် အားလုံးက ပိုပြီးတောင့်တင်းသွားတယ်လို့ ခံစားရပါတယ်။ အားလုံးရဲ့မသိစိတ်ထဲမှာကိုက သူက ခေါင်းဆောင်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က