၎င်းထက် အများပိုများတယ်လို့ ပြောခဲ့တာပါ။

လီဗာပူးအသင်းရဲ့နောက်ခံကစားသမား ဒီဂျန်လော့ဗ်ရန်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံကစားသမားတွေအဖြစ် ရွေးချယ်ခဲ့ရာမှာ ပြိုင်ဘက်ရီးရဲမက်ဒရစ်အသင်းရဲ့အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကို တိုက်ရိုက်နှိပ်ကွပ်ပြီး စကားစစ်ထိုးခဲ့ပါတယ်။ လော့ဗ်ရန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့အတူ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။



Lovren-Croatia-716783.jpg

Photos: Daily Star

လီဗာပူးအသင်းရဲ့နောက်ခံကစားသမား ဒီဂျန်လော့ဗ်ရန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းတုန်းကလည်း ၎င်းကိုယ်ကိုယ် ကမ္ဘာပေါ်က အကောင်းဆုံးခံစစ်ကစားသမားတွေထဲက တစ်ဦးလို့ အငြင်းပွားဖွယ် ပြောကြားခဲ့သူဖြစ်ပါတယ်။

"ကျွန်တော့်အတွက် အဲဒါက တစ်ခုုခုထူးခြားနေပါတယ်။ ကျွန်တော့်ရဲ့ ရှုထောင့်ကနေပြောရမယ်ဆိုရင် လူတွေပြောကြသလို ကျွန်တော်က ခက်ခဲတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့စကားကို သဘောမတူပါဘူး"

"အဲဒါကို ကျွန်တော် လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးပြီး ပြသခဲ့ပြီးပါပြီ။ အခု လက်ရွေးစင်အသင်းနဲ့ ကျွန်တော် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာပါ"

"လူတွေအနေနဲ့ ကျွန်တော်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုသင့်တယ်လို့ ထင်ပါတယ်။ အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောဖို့ပဲ ကျွန်တော် ပြောရပါလိမ့်မယ်"လို့ ပြီးခဲ့တဲ့နွေရာသီက Sky Sports ကို ပြောကြားခဲ့ပါတယ်။

Photos: 90min

 

ုလီဗာပူးအသင်းရဲ့နောက်ခံကစားသမား လော့ဗ်ရန်က ကမ္ဘာ့အကောင်းဆုံးခံစစ်ကစားသမားတွေအဖြစ် သတ်မှတ်သင့်တယ်လို့ထင်တဲ့ ကစားသမားတွေနာမည်ကို ပြောကြားခဲ့ရာမှာ ဗန်ဒိုက်၊ ဗာရာနီနဲ့ သီယေဂိုဆေးလ်ဗားတို့ကို သတ်မှတ်ပေးခဲ့ပါတယ်။

"ဗန်ဒိုက်လို့ ပြောနိုင်တာက ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးရာသီကို ကျွန်တော်တို့အတူ ပိုင်ဆိုင်ခဲ့လို့ပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တယ်လေ"

"ဗာရာနီကတော့ အသိအမှတ်ပြုချီးကျူးမှုတွေ အများကြီးရရှိဖို့ထိုက်တန်တဲ့သူပါ။ ဒါပေမယ့် ရာမို့စ် ရသလောက် သူ မရခဲ့ပါဘူး။ သူက ရာမို့စ်ထက် ပိုကောင်းတာ သေချာပါတယ်။ သူ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တယ်။ သူ ကမ္ဘာ့ဖလားကို ရရှိခဲ့တယ်။ အဲဒီတော့ သူက ကမ္ဘာ့အကောင်းဆုံးခံစစ်ကစားသမားဖြစ်သင့်ပါတယ်"

"တစ်ခါတရံမှာ ကျွန်တော်က အမုန်းခံရဖို့အတွက် မထိုက်တန်ပါဘူး"

"ခင်ဗျား သေချာကြည့်မယ်ဆိုရင် ရာမို့်စ်က ကျွန်တော့်ထက်တောင် အမှားပိုများပါသေးတယ်။ ဒါပေမယ့် သူက ရီးရဲမက်ဒရစ်အသင်းမှာဆိုတော့ သူ အမှားလုပ်လည်း အသင်းက ၅ ဂိုး ၁ ဂိုး၊ ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတယ်ဆိုရင် ဘယ်သူကမှ အမှားကို မမြင်ကြတော့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က