ယနေ့နံနက် ၂ နာရီအချိန်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ကတ်ဂလီယာရီအသင်းတို့ရဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယင်းပွဲစဉ်မှာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ပထမဆုံး ဂိုး ၄၀၀ ပြည့်မြောက်တဲ့ကစားသမားအဖြစ် ရှပ်အကျႌကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့တဲ့ရော်နယ်ဒိုကို နည်းပြ အယ်လီဂရီက ချီးကျူးစကားပြောကြားခဲ့ပါတယ်။
Photos: Sportskeeda
ဂျူဗင်တပ်အသင်းအတွက် ပထမပိုင်း စစချင်းမှာပဲ ဘန်တန်ကာရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဒီဘာလာက အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီး ၃၆ မိနစ်မှာ ပက်ဒရိုက ကက်ဂလီယာရီအသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို
၃၈ မိနစ်မှာ ဖိလစ်ဘရာဒါရစ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် ဂျူဗင်တပ်အသင်းက ပထမပိုင်းအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ကတ်ဂလီယာရီအသင်းနဲ့မကစားမီမှာ ပွဲစဉ် ၁၀ ပွဲကစားခဲ့ပြီး ၉ ပွဲနိုင် ၁ ပွဲသရေ ရလဒ်နဲ့ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းထားတဲ့အသင်းဖြစ်ပါတယ်။
Photos: Sportskeeda
ဒုတိယပိုင်း ပြီးဆုံးဖို့ ၃ မိနစ်အလိုမှာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ကွက်ဒရာဒိုက ဂျူဗင်တပ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ယခုရာသီအစဟာ အသင်းသမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံးရာသီအစ ဖြစ်လာခဲ့ပြီး နည်းပြအယ်လီဂရီက ပြီးခဲ့တဲ့နွေရာသီက ခေါ်ယူခဲ့တဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကို အသင်းရဲ့အဓိကအခန်းကဏ္ဍကနေ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်ခဲ့တဲ့အတွက် ချီးကျူးစကားပြောကြားခဲ့ပါတယ်။
"မက်ဒရစ်မှာတောင် သူက ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သူပါ။ သူက ထူးခြားတဲ့ကစားသမားတစ်ဦးပါ။ သူ ဂိုးမသွင်းနိုင်တဲ့အချိန်မှာတောင်မှ တခြားကစားသမားတွေကို ကွက်ဒရာဒိုအတွက် လုပ်ပေးခဲ့သလိုမျိုး အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုး ဒါမှမဟုတ် ဘောလုံးကို မှန်ကန်တဲ့နေရာကို ပေးပို့ခဲ့တာမျိုးပေါ့"လို့ ပြောကြားခဲ့ပါတယ်။