ဆီဗီလာကို ၄-၂ ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ညာဖက်လက်မောင်းရိုးအက်တဲ့ ဒဏ်ကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲစဉ် ၄ ပွဲလောက်ကို လွဲချော်ခဲ့ရ သူ ဖြစ်ပါတယ်။
Photo - AS English - Diario AS
ဘာစီလိုနာအသင်းကတော့ လာမယ့် တစ်ပတ် ရီးရဲဘက်တစ်နဲ့ လာလီဂါ အမှတ်ပေးပွဲမကစားခင် ကြားရက်မှာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံ လိဂ် အုပ်စုပွဲအဖြစ် အဝေးကွင်းသွားကစားရမှာပါ။
ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ တိုက်စစ်မှူးသစ်ခေါ်ဖို့ စဉ်းစားနေတဲ့ ဘာစီလိုနာ
ဒီချန်ပီယံလိဂ်ပြိုင်ပွဲအတွက် လူစာရင်းကို နည်းပြ ဗယ်ဗာဒီက ထုတ်ပြန်ပြောခဲ့ရာမှာတော့ လက်မောင်းဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ထားတဲ့ အဓိက ကစားသမား မက်ဆီ ပြန်လည်ပါဝင်လာပါတယ်။
Photo - The Japan Times
ပြီးခဲ့တဲ့ ဆီဗီလာကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ညာဖက်လက်မောင်းရိုးအက်တဲ့ ဒဏ်ရာကြောင့် မက်ဆီဟာ ရက်သတ္တပတ်အနည်းငယ် အနားယူခဲ့ရပြီး ဘာစီလိုနာအသင်းလည်း မက်ဆီမပါပဲ ဒီကြားထဲမှာ ၄ ပွဲလောက်ကစားခဲ့ရပါတယ်။
ဒါပေမယ့်လည်းဘာစီလိုနာအသင်းကတော့ အဲ့ဒီ ၄ ပွဲစလုံးကို အနိုင်ကစားနိုင်ခဲ့ပြီး အင်တာနဲ့ ချန်ပီယံလိဂ် ပထမအကျော့ အုပ်စုပွဲအပါအဝင် ရီးရဲနဲ့ အယ်ကလက်စီကိုပွဲတွေကို အနိုင်ရခဲ့တာကတော့ ကောင်းမွန်တဲ့ ရလဒ်တွေလို့ ဆိုရမှာပါ။
Photo - Daily Express
အခု တနင်္ဂနွေနေ့အပြီး ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်အရ မက်ဆီကတော့ မီလန်ကို လိုက်ပါလာမှာဖြစ်ပေမယ့်လည်း လာမယ့် အင်တာမီ လန်နဲ့ပွဲမှာ ဘယ်လောက်ထိ ပါဝင်ကစားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
ဒါပေမယ့်လည်း မက်ဆီကတော့ ဆရာဝန်တွေထံက ခွင့်ပြုချက် အပြည့်အ၀ ရရှိနှင့်ပြီ ဖြစ်ပြီး ကစားဖော်တွေနဲ့အတူ နေရာလိုက်အတိုင်းလည်း တွဲဖက်လေ့ကျင့်နေပြီလို့ သိရပါတယ်။
အခြားသော ဆက်စပ်သတင်းအရ မီလန်ကို ကစားသမား ၂၂ ယောက်သာ ခေါ်ဆောင်သွားမယ်လို့သိရပြီး နောက်ခံလူ အမ်တီတီ၊ဗာမေလန်နဲ့ ဆာဂျီဆမ်ပါတို့ကတော့ ဒဏ်ရာကြောင့် ကျန်ခဲ့မှာဖြစ်ပါတယ်။
ပုံမှန်ပွဲထွက်ခွင့် မသေချာသေးတဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဒင်းနစ်ဆွာရက်ဇ်၊မယ်လ်ကွန်ဆေးလ်ဗား၊စတဲ့ လူငယ်ကစားသမားအချို့ ကိုမူ ခေါ်ဆောင်သွားမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်မှာ အုပ်စုတွင်း ၃ ပွဲကစားပြီးချိန် ၃ ပွဲနိုင်ပြီး ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းဖြစ်ပြီး အခု ကစားမယ့် ပြိုင်ဖက် အင်တာမီလန်က ၆ မှတ်နဲ့ ဒုတိယနေရာက ရပ်တည်နေပါတယ်။