ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၄)ရဲ့ ဒုတိယနေ့ ပွဲစဉ်တွေကို ဒီနေ့ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဂျူဗင်တပ်စ်အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ တူရင်မှာ ကစားကြမှာဖြစ်ပြီး ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကို ဂိုးသွင်းနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
Photo : Depor
ပထမအကျော့တွေ့ဆုံခဲ့စဉ်က ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်ကတော့ ဒီဘာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီဘာလာ ရရှိခဲ့တဲ့ သွင်းဂိုးဟာ ရော်နယ်ဒိုရဲ့ ဖြတ်တင်ပေးပို့မှုကနေ လျှံထွက်လာတဲ့ ဘောလုံးကို ဒီဘာလာက အခွင့်အရေးရရှိပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
(၂)ည၊ (၃)ညလောက်တော့ အိပ်ပျော်မှာမဟုတ်ဘူးဆိုတဲ့ ဘဲဂရိတ်တိုက်စစ်မှူး
Photo : Goal.com
"သူ ဗုဒ္ဓဟူးနေ့မှာ ဂိုးသွင်းနိုင်ပါလိမ့်မယ်၊ သူ ပထမဆုံးပွဲကို မကစားခဲ့ရပါဘူး၊ ဒုတိယပွဲကိုလည်း လွဲချော်ခဲ့ရပြီး အခုမှ ချန်ပီယံလိဂ်မှာ တစ်ပွဲပဲ ပြည့်ပြည့်၀၀ ကစားရပါသေးတယ်၊ ဒါပေမယ့် အသင်းအတွက် သွင်းဂိုးရအောင် သူက ပါဝင်ပတ်သက်ခဲ့ပါသေးတယ်၊ ကျွန်တော် ပြောချင်တာက သူ ချန်ပီယံလိဂ်မှာ ပွဲအများကြီး မကစားရသေးပါဘူး" လု့ိ အယ်လီဂရီက ပြောသွားခဲ့ပါတယ်။
Photo : Goal.com
ရော်နယ်ဒိုဟာ စီးရီးအေပြိုင်ပွဲမှာ သွင်းဂိုး (၇)ဂိုး ရရှိပြီး ဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတဲ့အပေါ် အယ်လီဂရီက ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပွဲအဖြစ် ဗလင်စီယာအသင်းနဲ့ ကစားခဲ့ရာမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက် ယန်းဘွိုင်းစ်နဲ့ပွဲကို လွဲချော်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အသင်းဟောင်းနဲ့ ပွဲမှာမှ ပြန်လည်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ကတော့ အုပ်စုတွင်းမှာ ရမှတ် (၉)မှတ်အပြည့်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို (၅)မှတ် အသာစီး ရရှိထားတာ ဖြစ်ပါတယ်။ ဒီနေ့ ကစားမယ့် ပွဲမှာသာ ဂျူဗင်တပ်စ်က အနိုင်ရခဲ့မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်တော့မှာ ဖြစ်ပါတယ်။