• International Sports
    မက်ဆီရဲ့စံချိန်ကို လိုက်မီဖို့ နီးစပ်နေပြီး ကြီးမားတဲ့ဥရောပမိုင်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့ ရော်နယ်ဒို
Kyawko Ko
[Unicode Version]

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကာလရှည်ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ ချန်ပီယံလိဂ်စံချိန်တစ်ခုကို ချိုးဖျက်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ကစားသမား ၄ ဦးသာရရှိထားတဲ့ ဥရောပမိုင်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။

2421703-50332830-2560-1440.jpg

Photos: Eurosports

 

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ မကြာသေးမီကမှ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်အုပ်စုုအဆင့်မှာ သွင်းယူထားတဲ့ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့က ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာ သွင်းဂိုး ၆၀ စီနဲ့ အတူတူရပ်တည်ခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့စက်တင်ဘာလက ပီအက်စ်ဗွီအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက ရော်နယ်ဒိုကို ဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။

ဘာနေဗျူးကို စွန့်ခွာခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်ဇ်ကို ဒဲ့ပြောလိုက်တဲ့ ရော်နယ်ဒို 

မက်ဆီဟာ ယင်းပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၆၃ ဂိုး စံချိန်တင်သွင်းယူနိုင်တဲ့ကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ သွင်းဂိုး ၆၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး နောက်ထပ်ပွဲစဉ်တွေမှာ ဆက်လက်ပြီး ဂိုးအရေအတွက် မြင့်တက်လာဖို့ရှိနေပါတယ်။

ronaldo-0.jpg

Photos: Independent

 

ဒါပေမယ့် ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၎င်းရဲ့ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တာကြောင့် မက်ဆီအနေနဲ့ ဂိုးသွင်းစံချိန်ကို ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့တော့ မသေချာပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာ သွင်းဂိုး ၆၁ ဂိုး ရှိလာခဲ့ပြီဖြစ်ပြီး မက်ဆီရဲ့ စံချိန်ကို လိုက်မီဖို့အတွက် ၄ ဂိုးသာ လိုတော့တာဖြစ်ပါတယ်။ ဒ့ါအပြင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ သမိုင်းကြောင်းတစ်လျှောက် ကစားသမား ၄ ဦးသာ ရရှိထားတဲ့ ဥရောပမိုင်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး ဥရောပထိပ်သီးပြိုင်ပွဲမှာ အင်္ဂလန်၊ စပိန်၊ အီတလီက အသင်းတွေကို ဂိုးသွင်းနိုင်တဲ့ ၅ ဦးမြောက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုမတိုင်ခင်က ယင်းမိုင်တိုင်ကို အီတိုး၊ ဖာနန်ဒိုလော်ရန်တေး၊ ဂျူလီယိုဘတ်ပ်တစ္စတာ၊ မိုရာတာတို့က စိုက်ထူထားတာဖြစ်ပါတယ်။

[Zawgyi Version]

ဂ်ဴဗင္တပ္အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ကာလရွည္ၿပိဳင္ဘက္ျဖစ္တဲ့ လီယြန္နယ္မက္ဆီရဲ႕ ခ်န္ပီယံလိဂ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ႏုိင္ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး ကစားသမား ၄ ဦးသာရရွိထားတဲ့ ဥေရာပမုိင္တုိင္တစ္ခုကို စိုက္ထူႏုိင္ခဲ့ၿပီျဖစ္ပါတယ္။

2421703-50332830-2560-1440.jpg

Photos: Eurosports

 

ဘာစီလိုနာအသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး လီယြန္နယ္မက္ဆီဟာ မၾကာေသးမီကမွ ခရစ္စတီယာႏုိေရာ္နယ္ဒိုရဲ႕ ခ်န္ပီယံလိဂ္အုပ္စုုအဆင့္မွာ သြင္းယူထားတဲ့ ဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔က ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြမွာ သြင္းဂိုး ၆၀ စီနဲ႔ အတူတူရပ္တည္ခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့စက္တင္ဘာလက ပီအက္စ္ဗြီအသင္းကို ၄ ဂိုး ဂိုးမရွိနဲ႔အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ မက္ဆီက ေရာ္နယ္ဒိုကို ျဖတ္ေက်ာ္ခဲ့တာျဖစ္ပါတယ္။

ဘာေနဗ်ဴးကို စြန္႔ခြာခဲ့တာနဲ႔ ပတ္သက္ျပီး ပီရက္ဇ္ကို ဒဲ့ေျပာလိုက္တဲ့ ေရာ္နယ္ဒို 

မက္ဆီဟာ ယင္းပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ၆၃ ဂိုး စံခ်ိန္တင္သြင္းယူႏိုင္တဲ့ကစားသမား ျဖစ္လာခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ သြင္းဂိုး ၆၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး ေနာက္ထပ္ပြဲစဥ္ေတြမွာ ဆက္လက္ၿပီး ဂိုးအေရအတြက္ ျမင့္တက္လာဖို႔ရွိေနပါတယ္။

Photos: Independent

 

ဒါေပမယ့္ ဂ်ဴဗင္တပ္အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ၎ရဲ႕ေျခစြမ္းကို ဆက္လက္ထိန္းသိမ္းထားႏုိင္ဆဲျဖစ္တာေၾကာင့္ မက္ဆီအေနနဲ႔ ဂိုးသြင္းစံခ်ိန္ကို ၾကာရွည္ထိန္းသိမ္းထားႏုိင္ဖုိ႔ေတာ့ မေသခ်ာပါဘူး။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညက ဂ်ဴဗင္တပ္အသင္းဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ရံႈးနိမ့္ခဲ့ေပမယ့္ ေရာ္နယ္ဒိုကေတာ့ ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။

ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြမွာ သြင္းဂိုး ၆၁ ဂိုး ရွိလာခဲ့ၿပီျဖစ္ၿပီး မက္ဆီရဲ႕ စံခ်ိန္ကို လုိက္မီဖို႔အတြက္ ၄ ဂိုးသာ လုိေတာ့တာျဖစ္ပါတယ္။ ဒ့ါအျပင္ ခရစ္စတီယာႏုိေရာ္နယ္ဒိုဟာ သမုိင္းေၾကာင္းတစ္ေလွ်ာက္ ကစားသမား ၄ ဦးသာ ရရွိထားတဲ့ ဥေရာပမုိင္တုိင္ကို စိုက္ထူႏုိင္ခဲ့ၿပီး ဥေရာပထိပ္သီးၿပိဳင္ပြဲမွာ အဂၤလန္၊ စပိန္၊ အီတလီက အသင္းေတြကို ဂိုးသြင္းႏုိင္တဲ့ ၅ ဦးေျမာက္ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ ေရာ္နယ္ဒိုမတို္င္ခင္က ယင္းမိုင္တုိင္ကို အီတိုး၊ ဖာနန္ဒိုေလာ္ရန္ေတး၊ ဂ်ဴလီယိုဘတ္ပ္တစၥတာ၊ မိုရာတာတို႔က စိုက္ထူထားတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs