အေစီမီလန်အသင်းရဲ့ လူငယ်ကစားသမားလေးတစ်ဦးဖြစ်တဲ့ ဘယ်လာနိုဗာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့ရဲ့ စီးရီးအေပွဲစဉ်အပြီးမှာ ဂျူဗင်တပ်စ်အသင်း အဝတ်လဲခန်းအတွင်းကို သွားရောက်ခဲ့ပြီး တိုက်စစ်မှူးရော်နယ်ဒိုနဲ့ အမှတ်တရ ဓာတ်ပုံတွဲဖက်ရိုက်ကူးသွားခဲ့ပါတယ်။
Photo : AS
ဆန်စီရိုမှာ ကစားခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်က ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုက ဂျူဗီအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘယ်လာနိုဗာအတွက်တော့ ရော်နယ်ဒိုဟာ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စိတ်ဓာတ်ခွန်အားပေးစွမ်းနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီအတွက် ဘယ်လာနိုဗာဟာ ရော်နယ်ဒိုနဲ့ ဓာတ်ပုံတွဲရိုက်အပြီးမှာ ဂုဏ်ယူစွာနဲ့ပဲ သူ့ရဲ့ လူမှုကွန်ယက်ပေါ် ဓာတ်ပုံကို တင်ခဲ့ပါတယ်။
ခေါင်းပန်းလှန်ဖို့ အကြွေစေ့မေ့ကျန်ခဲ့လို့ ဗိုလ်ကျားသေနတ်ဆွဲခိုင်းခဲ့တဲ့ ကွင်းလယ်ဒိုင်
Photo : AS
ဘယ်လာနိုဗာက ချက်ချင်းဆိုသလို ဓာတ်ပုံကို တင်ခဲ့တာ ဖြစ်ပြီး မမျှော်လင့်ပဲနဲ့ ဒီဓာတ်ပုံဟာ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားသွားခဲ့ပြီး ပြန့်နှံ့သွားခဲ့ပါတယ်။ အကြောင်းကတော့ ဘယ်လာနိုဗာ နဲ့ ရော်နယ်ဒိုတို့ ဓာတ်ပုံရိုက်ကူးနေချိန်မှာ သူတို့ရဲ့ အနောက်မှာ ဂျူဗင်တပ်စ် နောက်ခံလူ ချီလီနီဟာ ကိုယ်လုံးတီးနဲ့ ရှိနေခဲ့လို့ ဖြစ်ပါတယ်။
ဒီဓာတ်ပုံကို မြင်တွေ့ခဲ့အပြီးမှာတော့ လူမှုကွန်ယက်သုံးစွဲသူ အများအပြားက ပြန်လည်မျှဝေမှုတွေ ပြုလုပ်ခဲ့ကြပြီး ချီလီနီရဲ့အဖြစ်ကို ပြောဆိုရယ်မောနေခဲ့ကြပါတယ်။ ဘယ်လာနိုဗာအတွက်တော့ ခေါင်းကြီးကိန်း ဆိုက်ခဲ့ရပြီး ဓာတ်ပုံကို ချက်ချင်းဆိုသလို ပြန်လည်ဖျက်ပစ်ခဲ့ပေမယ့်လည်း လက်သွက်တဲ့ လူတွေကတော့ ပုံကို ကူးယူမှုတွေ ပြုလုပ်ထားပြီး ဖြစ်ခဲ့ပါတယ်။
လေးစားအားကျရတဲ့ ဘောလုံးသမား၊ စံပြပုဂ္ဂိုလ်တစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ခွင့် ရရှိခဲ့လို့ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ ဘယ်လာနိုဗာအတွက်တော့ ချီလီနီကြောင့် စိတ်ဆင်းရဲခဲ့ရပါတယ်။ သူ့ရဲ့ ပျော်ရွှင်မှုတွေကလည်း သူတို့ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ချီလီနီရဲ့ ပုံစံကြောင့် ပျောက်ကွယ်ခဲ့ရပြီး မှန်းချက်နဲ့နှမ်းထွက် မကိုက် ဖြစ်ခဲ့ရပါတော့တယ်။