ဂျွန်ချားလ်စ်ရဲ့ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့တာပါ။
Kyaw Ko Ko Sint

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယမန်နေ့ညက ဖီအိုရင်တီးနားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး နှစ် ၆၀ ကြာစံချိန်တင်ရှိထားတဲ့ အသင်းရဲ့စံချိန်ဟောင်းတစ်ခုကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။



2ce6d-15437260518623-800.jpg

Photos: Sportskeeda

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ယခုရာသီမှာ ဂျူဗင်တပ်အသင်းအတွက် ၁၄ ပွဲပါဝင်ကစားပေးထားပြီး ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် ၁၉၅၇-၁၉၅၈ ရာသီမှာ ၁၄ ပွဲကစားပြီး ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဂျွန်ချားလ်စ်ရဲ့ ဂိုးသွင်းစံချိန်ကို နှစ်ပေါင်း ၆၀ အကြာမှာ ရော်နယ်ဒိုက လိုက်မီခဲ့တာဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပြီး ရော်နယ်ဒိုကို ပင်နယ်တီကန်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီက Goal ကို ဟာသဖောက်ပြီး ပြောကြားခဲ့ပါတယ်။

Photos: La Stampa

 

"ရော်နယ်ဒို ပင်နယ်တီတွေအများကြီး ကန်ခဲ့တယ်"

"သူ ကျွန်တော်တို့ကို တစ်ခါက ၉၃ မိနစ်မှာ တစ်နာရီ ၁၃၉ ကီလိုမီတာ အမြန်နှုန်းရှိတဲ့ ပင်နယ်တီကန်သွင်းမှုနဲ့ ဂိုးသွင်းယူခဲ့ဖူးပါတယ်။ ကျွန်တော့်ကို အဲဒီပင်နယ်တီကို တခြားလူ ကန်ခွင့်ပေးစေချင်လို့လား"

"သူ ခွင့်လွှတ်မှုကို ရဖို့အတွက် တခုခုတော့ လုပ်ရမယ်လေ။ သူ အမြဲတမ်း ပင်နယ်တီကန်တယ်။ အမြဲတမ်း ဂိုးသွင်းတယ်"

"အားလုံးက စိတ်ဝင်စားမှု ပြင်းပြနေပြီး တစ်မြို့လုံးက ဒီပွဲစဉ်အတွက် စောင့်ဆိုင်းနေကြတဲ့အချိန်မှာ ကစားရတာ မလွယ်ကူခဲ့ပါဘူး"

"ကျွန်တော် ကစားသမားတွေကို ကောင်းကောင်း မကစားနိုင်တဲ့အချိန်ကျရင် တစ်ဖက်အသင်းကို ၁၀ မိနစ်လောက် ဘောလုံးပေးပြီး လူသေချာ ပြန်စုပြီး ကျစ်ကျစ်လစ်လစ်ကစားဖို့ ပြောခဲ့ပါတယ်"

"ဒုတိယဦးဆောင်ဂိုးက ကျွန်တော်တို့ကို တင်းအားတွေကနေ လွတ်မြောက်ဖို့အတွက် အကူအညီဖြစ်စေခဲ့ပြီး သက်တောင့်သက်သာ ဦးဆောင်နိုင်စေခဲ့ပါတယ်။ ကျွန်တော်တို့ ပိုပြီး အခွင့်အရေးတွေ ရရှိခဲ့ပြီး အစောကြီးကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေသင့်တာပါ"

"ဖီအိုရင်တီးနားအသင်းဟာ ကောင်းမွန်တဲ့ နည်းစနစ်နဲ့ မြန်နှုန်းရှိတဲ့အသင်းဖြစ်တာကြောင့် ဝီစီမမှုတ်မချင်း ခင်ဗျား စိုးရိမ်နေရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ဖြတ်တင်ပေးပို့မှုတွေကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က