ကာကာရဲ့နောက်မှာ ပထမဆုံးရရှိတဲ့ ကစားသမားဖြစ်လာတာပါ။
Kyaw Ko Ko Sint

ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်ဟာ ၂၀၁၈ ခုနှစ် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၁၀ နှစ်ကြာ တစ်လှည့်စီ ရယူနေတဲ့အစဉ်အလာကို ချိုးဖျက်နိုင်ခဲ့ပါတယ်။



Photos: Daily Mail

ရီးရဲမက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလား၊ ခရိုအေးရှားကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့တဲ့ မိုဒရစ်ဟာ ဘတ်ပီ၊ ဂရစ်ဇ်မန်း၊ ဗာရာနီတို့ကို ကျော်ဖြတ်ပြီး ဘလွန်းဒီအော်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

လူကာမိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ မပို့ဆောင်ပေးမီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်မှာ အသက်သွေးကြောအဖြစ် အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ဘလွန်းဒီအော်ဆုုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့မဟုတ်တဲ့ ကစားသမားအဖြစ် နောက်ဆုံးရရှိခဲ့တာကတော့ ၂၀၀၇ ခုနှစ်တုန်းက ကာကာက နောက်ဆုံးရရှိခဲ့တာဖြစ်ပြီး ယင်းအချိန်ကတည်းကစပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့က ၁၀ နှစ်ကြာ ဘလွန်းဒီအော်ဆုနဲ့ အခြားအဓိကတစ်ဦးချင်း ဆုတံဆိပ်တွေကို တစ်လှည့်စီ ရယူခဲ့ကြတာဖြစ်ပါတယ်။



မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအော်ဆုအတွက် အဆင့်သတ်မှတ်ချက်မှာ တစ်ယောက်တစ်လှည့်စီ ပထမ၊ ဒုတိယ အလှည့်ကျရယူခဲ့တာဖြစ်ပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ ကြီးစိုးနေတဲ့ ပထမ၊ ဒုတိယနေရာကို နောက်ဆုံးအပြောင်းအလဲဖြစ်စေခဲ့တာကတော့ မက်ဆီ ဘလွန်းဒီအော်ရရှိခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ အင်နီယေစတာ ဒုတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။

Photos: Metro

 

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၈ ဘလွန်းဒီအော်ဆုအတွက် မဲပေးရွေးချယ်မှုမှာ လူကာမိုဒရစ်ကို မယှဉ်နိုင်ခဲ့ဘဲ ဒုတိယအဖြစ်နဲ့သာ ကျေနပ်ခဲ့ရသလို ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မက်ဆီကလည်း ဘတ်ပီရဲ့နောက် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

လူကာမိုဒရစ်ဟာ ၂၀၁၈ ခုနှစ်အတွက် အဓိကတစ်ဦးချင်းဆုတံဆိပ်တွေဖြစ်တဲ့ ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ အကောင်းဆုံးအမျိုးသားကစားသမားဆု၊ ကမ္ဘာ့ဖလားရွှေဘောလုံးဆုတို့ကို ရရှိခဲ့သူဖြစ်တဲ့အပြင် ဘလွန်းဒီအော်ဆုကို ထပ်မံရရှိခဲ့တဲ့အတွက် ဘလွန်းဒီအော်ဆုကို ရရှိတဲ့ ခရိုအေးရှားနိုင်ငံရဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က