VAR စနစ်ကို ဝေဖန်ခဲ့ပါတယ်။

၈၁ မိနစ်ရောက်မှ ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးလိုက်ရပြီး ပွဲအပြီးမှာတေ့ ၂-၀ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

နာပိုလီကို အဝေးကွင်းမှာ ၂-ဝနဲ့ ရှုံးနိမ့်ခဲ့တဲ့ လက်ရှိ ချန်ပီယံ လီဗာပူး နည်းပြ ကလော့ပ်က မိမိတို့အနေနဲ့ အဆိုးရွားဆုံး ရှုံးနိမ့်သူတွေ မဟုတ်တဲ့အကြောင်း ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာပြောသွားတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



“ကျွန်တော်တိုု့ မညံ့ပါဘူး၊ကျွန်တော်တို့ဟာာ အကောင်းဆုံး အရှုံးသမားတွေ မဟုတ်သလို၊အဆိုးဆုံး အရှုံးသ မားတွေလည်း မဟုတ်ကြပါဘူး။” လို့ ကလော့ပ်က ပြောခဲ့တာပါ။

ပွဲချိန်နှောင်းပိုင်း ၈၁ မိနစ်ခန့်မှာ နာပိုလီအသင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ရခဲ့ပြီး အငြင်းအခုန်ဖြစ်ရာမှာ VARစနစ်နဲ့ကြည့်ပြီး ပင်နယ်တီ ဆုံးဖြတ်ပေးခဲ့တာပါ။



“ စည်းမျဉ်း က ဆုံးဖြတ်ပြီးချိန်မှာ ကျွန်တော်က ဘာပြောနိုင်ဦးမှာလဲ?စည်းမျဉ်းကို ပြန်ချိန်ညှိဖို့တောာ့ လိုပြီ ထင်ပါတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကို လိုက်နာရုံပေါ့။” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

လီဗာပူးအသင်းအနေနဲ့ အခုလို နာပိုလီကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် အဝေးကွင်း နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က