မနက်ဖြန်မှာ နှစ်သင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံမှာပါ။
Kyaw Ko Ko Sint

ကိုဆိုဗိုအသင်းက ချက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး အံ့အားသင့်ဖွယ်ရလဒ်ကို စွမ်းဆောင်ပြပြီးနောက် အင်္ဂလန်နဲ့ပွဲမှာလည်း မထင်မှတ်တာတွေ ဆက်လက်လုပ်ပြမယ်လို့ နည်းပြ ဘားနက်စ်က ကြုံးဝါးလိုက်တာပါ။

ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် တွေ့ဆုံနေတဲ့ အင်္ဂလန်အသင်းကို ကိုဆိုဗိုအသင်းက အထူးသတိပေးလိုက်တယ် လို့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။



၁၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့ ကိုဆိုဗိုအသင်းအတွက် ချက်ကို ၂-၁ နဲ့ နိုင်လိုက်တာဟာ ပြောစမှတ် တွင်စရာဖြစ်လာခဲ့တာပါ။

ဖီဖာနဲ့ ယူအီးအက်ဖ်အေအဖွ့ဲဝင်နိုင်ငံ ဖြစ်လာတာ ၃ နှစ်လောက်သာ ရှိသေးတဲ့ ကိုဆိုဗိုအသင်းအနေနဲ့ နိုင်ငံ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရင်ဆိုုင်ကြရမယ့် အင်္ဂလန်နဲ့ပွဲကို လုံး၀ ကြောက်ရွံ့နေခြင်းရှိမှာ မဟုတ် ဘူးလို့ တုံ့ပြန်လိုက်တာပါ။

ကိုဆိုဗိုအသင်း နည်းပြ ဘားနက်စ်က- “ အံ့အားသင့်လောက်ဖွယ် ရလဒ်ပါပဲ၊ကျွန်တော်တို့မှာ အိပ်မက်တွေရှိပါ တယ်။ ချက်ကို နိုင်ရမယ်လို့လည်း ယုံကြည်ချက်ထားခဲ့ကြပါတယ်။အခုတော့ အင်္ဂလန်နဲ့ပွဲမှာ မထင်မှတ်တာ တွေ ဆက်လုပ်ပြပါမယ်။” လို့ ပြောခဲ့ပါတယ်။

ကိုဆိုဗိုအသင်းက ကမ္ဘာ့အဆင့် ၁၂၀ မှာရပ်တည်နေတဲ့ အသင်းဖြစ်ပေမယ့် ဒီအဆင့်ရပ်တည်မှုကမှားယွင်းစွာ ရပ်တည်နေမှု ဖြစ်ပြီး ၂၀၀၈မှာမှ လွတ်လပ်ရေးရတဲ့ နိုင်ငံတစ်ခုအတွက် ၂၀၁၆ ကျမှသာ ဥရောပ ခြေစစ်ပွဲကို စတင်ကစားရပါလျက်နဲ့ အခုလို အဆင့် ၁၂၀ ထိ ရပ်တည်နေတာ အံ့အားသင့်ရကြောင်း ပြောသွားတာပါ။

ဒါ့အပြင် မနက်ဖြန်မှာကစားမယ့် ကိုဆိုဗိုနဲ့ပွဲမှာလည်း ဘူဂေးရီးယားကို အနိုင်ရခဲ့စဉ်က လူစာရင်းကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်သွားဖို့ရှိပြီး ခက်ခဲမယ့် ပွဲဖြစ်လာမယ်လို့လည်း ဆောက်ဂိတ်က ပြောသွား ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က