ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ လီဗာပူးလ်ပရိသတ်တချို့က အသနားခံစာတင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ Sportsbible ကရေးသားဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်ပရိသတ်အချို့ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အတွက် မက်ဆီကို ပွဲပယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းက လီဗာပူးလ်ကို (၃-ဝ)နဲ့ အနိုင်ရရှိခဲ့ပွဲမှာ မက်ဆီက အသင်းအတွက် တတိယမြောက်ဂိုးကို ဖရီးကစ်ကတဆင့် သွင်းယူပေးခဲ့ပြီး သူ့ရဲ့သွင်းဂိုးက ဘောလုံးလောကမှာ ရေပန်းစားခဲ့ပါတယ်။
အဆိုပါ အလွတ်တည်ကန်ဘောဟာ မက်ဆီရဲ့ ပြေးလမ်းကြောင်းကို ဖာဘင်ဟိုက ပိတ်ဆို့ခဲ့ပြီးနောက် မက်ဆီလဲကျခဲ့ပြီး ပြစ်ဒဏ်ဘောအဖြစ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဆွာရက်ဇ် နဲ့ မက်ဆီတို့ အပေးအယူလုပ်ထိုးဖောက်လာချိန်မှာ ဖာဘင်ဟိုက မက်ဆီကို ဟန့်တားခဲ့တာဖြစ်ပြီး တစ်ပြိုင်တည်းမှာပဲ မက်ဆီက ဖာဘင်ဟိုရဲ့ မျက်နှာကို လက်နဲ့ ရိုက်ခဲ့တယ်လို့ လီဗာပူးလ်ပရိသတ်တွေက ယူဆနေကြပါတယ်။
ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က အဆိုပါအပြုအမူအတွက် မက်ဆီကို တစ်စုံတစ်ရာအရေးယူမှုမပြုလုပ်ခဲ့ပဲ ဖာဘင်ဟိုကိုသာ အဝါကတ်ပြားပြသ သတိပေးခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ လီဗာပူးလ်ပရိသတ်တချို့က အသနားခံစာတင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ Sportsbible ကရေးသားဖော်ပြခဲ့ပါတယ်။
မက်ဆီအနေနဲ့ ဖာဘင်ဟိုရဲ့ မျက်နှာကိ ုလက်နဲ့ရိုက်ခဲ့တာ ထင်ရှားတယ်လို့ ယူဆမိကြောင်းနဲ့ အဆိုပါအပြုအမူအတွက် မက်ဆီအနေနဲ့ ပွဲပယ်ခံရသင့်တယ်လို့လည်း သူတို့ရဲ့ စာထဲမှာ ရေးသားထားတယ်လို့ သိရပါတယ်။ UEFA အနေနဲ့ အဆိုပါဖြစ်ရပ်ကို ပြန်လည်ကြည့်ရှုပြီး စစ်ဆေးသင့်တယ်လို့ တိုက်တွန်းထားတယ်လို့လည်း Sportsbilble ရဲ့ ဖော်ပြချက်မှ ာပါရှိပါတယ်။
မက်ဆီကတော့ လီဗာပူးလ်ကို အဆိုပါဖရီးကစ်သွင်းဂိုးအပါအဝင် သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့ပြီး ဘာစီလိုနာကို ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ဒုတိယအကျော့ကိုတော့ မေလ (၇)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လီဗာပူးလ်အနေနဲ့ အန်ဖီးလ်မှာ ဖောင်ဖျက်ကစားရတော့မှာ ဖြစ်ပါတယ်။