နာကျင်အချိန်ပိုမှာသွင်းယူခဲ့တာပါ။

အချိန်ပို ကစားဖို့ ပြင်ဆင်ထားခြင်းမရှိလို့ အချိန်ပို ကစားဖို့ ကြောက်နေတဲ့စိတ်ကို ဖာမီနိုက ပယ်ဖျက်ပေးနိုင်ခဲ့ တာလို့ ဆိုပါတယ်။

နာကျင်အချိန်ပို သွင်းဂိုးနဲ့ လီဗာပူးအသင်းကို နောက်တစ်ဆင့် တက်စေခဲ့တဲ့ ဖာမီနိုက မိမိရဲ့ ကြောက်စိတ် ဖြစ်ပေါ်နေမှုကို ပယ်ဖျက်ပေးနိုင်ခဲ့သူလို့ လီဗာပူးနည်းပြ ကလောပ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတဲ့ အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



မနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲမှာတော့ လီဗာပူးအသင်းက ဖာမီနိုရဲ့ နာကျင် အချိန်ပို သွင်းဂိုးကြောင့် ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းခဲ့ပါတယ်။

“ ဖာမီနိုဒီဂိုးကို သွင်းလိုက်ချိန်မှာ အပျော်ဆုံး လူသားက ကျွန်တော်ပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အချိန်ပို ကစားရ မှာကို ကျွန်တော် အရမ်းကြောက်နေခဲ့လိုပါပဲ။အချိန်ပိုမှာ ဘာလုပ်ရမလဲဆိုတာ ကျွန်တော်တို့ သေချာ မသိထားပါ ဘူး။ဒါပေမယ့်လည်း မဖြစ်နိုင်တာတော့ မရှိဘူးပေါ့။ဒါကြောင့် ဒီဂိုးကတော့ တကယ့်ကို စူပါဂိုးပါပဲ” လို့ ကလော့ပ် ကပြောလာတာပါ။



အခု ကစားခဲ့တဲ့ ဆီမီးပွဲမှာအဓိကနောက်ခံလူ ဗန်ဒိုက် အဖျားဝေဒနာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် ဖလာမင်ဂိုနဲ့ ကစားမယ့် ဗိုလ်လုပွဲမှာတော့ ပြန်လည်ပါဝင်လာနိုင်မယ်လို့ သိရပါတယ်။

ဖာမီနို ဂိုးသွင်းချိန်မှာ မိမိရှေ့မှာ လူတွေ ကွယ်နေတာကြောင့် မမြင်ခဲ့ရပဲ ဂိုးသမားရဲ့ အပြုအမူကို ကြည့်ပြီး လိုက်ပါ အောင်ပွဲခံခဲ့ရတယ်လို့လည်း ကလော့ပ်က ဆိုပါ‌သေးတယ်။

Share

Loading Next Article...
က္က